ယူ ၁၇ ဥရောပဖလား ဘောလုံးပွဲ အင်္ဂလန်အသင်းက နယ်သာလန်ကို ဗိုလ်စွဲ

612
အသက် ၁၇ နှစ်အောက် ဥရောပ ဖလား ဘောလုံးပြိုင်ပွဲမှာ အင်္ဂလန် အသင်းဟာ နယ်သာလန် အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
ပွဲချိန်ပြည့် ကစားခဲ့ပြီး ၁ ဂိုးစီ သရေကျနေတဲ့ အတွက် အချိန်ပို မကစားတော့ဘဲ ပင်နယ်တီ ကန်ပြီး အခုလို အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
အုပ်စုပွဲစဉ်အတွင်း ဒီ ၂ သင်းတွေ့ဆုံရာမှာတော့ အင်္ဂလန် အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ၂၀၁၀ ခုနှစ် အသက် ၁၇ နှစ်အောက် ဥရောပဖလား ဘောလုံးပြိုင်ပွဲမှာ အင်္ဂလန် အသင်းက စပိန် အသင်းကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ အတွက် ၂ နှစ်ဆက်တိုက် ဥရောပဖလားကို ရရှိသွားတာလည်း ဖြစ်ပါတယ်။
