ကမ္ဘာ့ဖလားမပြီးမချင်း ကစားသမားသစ်ခေါ်မည်မဟုတ်ဟု မော်ရင်ဟိုပြော

အင်္ဂလန် ပရီးမီးယားလိဂ်က ချယ်ဆီးလ် ဘောလုံးအသင်း မန်နေဂျာ ဂျိုဆေးမော်ရင်ဟိုကတော့ ကမ္ဘာဖလား မပြီးမချင်း ကစားသမားတဦးတယောက်မှ လတ်မှတ်ရေးထိုးစာချုပ်ချုပ် ခေါ်ဆိုသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
မော်ရင်ဟိုက အသင်းရဲ့ လက်ရှိ ရှေ့တန်း တိုက်စစ်မှူးတွေရဲ့ ကျဆင်းနေတဲ့ ဂိုးသွင်း စွမ်းရည်ကြောင့် ရှေ့တန်း တိုက်စစ်မှူးတဦးကို ဈေးကွက်မှာ ရှာဖွေဖို့ လိုတယ်ဆိုတာ အစောပိုင်းတုန်းက ၀န်ခံပြောဆိုထားပါတယ်။
ကမ္ဘာဖလားမှာ အသင်းတခုရဲ့ တုံ့ပြန်မှုနဲ့ တခုခုဖြစ်တာကို လူတွေက စောင့်နေမယ်လို့ ထင်မြင်ကြောင်းနဲ့ ချယ်ဆီးလ်အသင်းရဲ့ အခြေခံ တည်ဆောက်ပုံ ကတော့ အတူတူဖြစ်နေမှာဖြစ်ပြီး ရာသီရဲ့ ရာလဒ်အပေါ်အခြေခံပြီး ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ဖို့ မလိုဘူးလို့ သူက ပြောပါတယ်။
ချယ်ဆီးလ်အသင်းဟာ အသင်းခေါင်းဆောင် ဂျွန်တယ်ရီကို တနှစ် စာချုပ် လက်မှတ်ရေးထိုးခဲ့ပေမယ့် နောက်ခံလူ အက်ရှ်လေကိုးကိုတော့ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိဘဲ ရာသီသစ်အတွက် အစီအစဉ်တွေကို စတင်နေပါတယ်။
အက်ရှ်လေကိုးကလည်း စာချုပ်သစ် ကမ်းလှမ်းခြင်းမရှိတဲ့အတွက် ချဲလ်ဆီး အသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေသလို ပြင်သစ် မိုနာကို၊ စပိန် ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန်က လီဗာပူးလ်အသင်းတို့က သူ့ကို ရရှိရေး ကြိုးပမ်းနေတယ်လို့ သတင်းတွေက ရေးပါတယ်။
ဒါ့အပြင် အသက် ၃၆ နှစ်အရွယ် ချယ်ဆီးလ်ကွင်းလယ်လူ လမ်းပတ်ကလည်း အသင်းမှာ ဆက်ရှိရေး မရှိရေး ဆုံးဖြတ်ချက်မချရသေးဘဲ ကမ္ဘာဖလားကို အာရုံစိုက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။