လာမယ့် မေလ ၂၄ ရက်နေ့ကစပြီး ဧရာဝတီတိုင်းအတွက် ပထမ ဦးဆုံး ရထားခရီးစဉ်အဖြစ် လှိုင်သာယာ- ညောင်တုန်း- ဇလွန်- ဟင်္သာတ လူစီး၊ ကုန်တင်ရထား စပြီး ပြေးဆွဲတော့မယ်လို့ ရန်ကုန်တိုင်း မီးရထား ရုံးချုပ် တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။
ရိုးရိုးတန်း ၃ တွဲ၊ အထက်တန်းတွဲ ၁ တွဲနဲ့ ကုန်တွဲ ၁ တွဲပါတဲ့ ရထား ၁ စီး အသွားအပြန် စ
ပြေးဆွဲမှာဖြစ်ပြီး ရထားစီးခ ရိုးရိုးတန်း ကျပ် ၉၀၀ နဲ့ အထက်တန်း ကျပ် ၁၉၀၀ သတ်မှတ်ထားပါတယ်။
ဒီရထားလမ်းကို ၂၀၁၀ နှစ်ဆန်းက စတင်ဖောက်လုပ်ခဲ့ပြီး မိုင် ၄၀ ကျော်ရှည်လျားပါတယ်။ လက်ရှိတော့ လှိုင်သာယာ- ဟင်္သာတ ကို ဘတ်စ်ကားတွေနဲ့လည်း ပြေးဆွဲနေပါတယ်။