သမ္မတ၊ ဒုသမ္မတ နဲ့ ၀န်ကြီး ဒုဝန်ကြီး အပါအ၀င် အစိုးရ ကက်ဘိနက် လူကြီးတွေဟာ မိမိတို့ လစာရဲ့ လေးပုံတစ်ပုံကို မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု လျော့ချရေး ရန်ပုံငွေထဲ ထည့်ဝင် လှူဒါန်းသွားဖို့ ရှိတယ်လို့ သမ္မတ ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
[caption id="attachment_28012" align="alignright" width="300"] ဦးသိန်းစိန်[/caption]သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ ဆန္ဒသဘောထားကို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပြီး ၀န်ကြီး ဒုဝန်ကြီးတွေကလည်း ဆွေးနွေးညှိနှိုင်းပြီးမှ ကိုယ့်သဘောနဲ့ကိုယ် လိုက်ပါထည့်ဝင် အကောင်အထည်ဖော်တာလို့ သူက ဆိုပါတယ်။
လက်ရှိ အလှူငွေ ပေးသွင်းရမယ့် ဘဏ်အကောင့်နံပါတ်လည်း ရှိနေပြီလို့ ဦးရဲထွဋ်က
ရှင်းပြပါတယ်။
လက်ရှိ သမ္မတ၊ ဒုသမ္မတ၊ ၀န်ကြီး၊ ဒုဝန်ကြီး စုစုပေါင်း အယောက် ၉၀ ၀န်းကျင်ရဲ့ ၁ လ လစာ ကျပ် သိန်း ၂၄၀၀ ၀န်းကျင်ရှိနေပြီး ဆင်းရဲမွဲတေမှု လျော့ချရေး ရန်ပုံငွေအတွက် ၁ လ ကျပ် သိန်း ၆၀၀ ၀န်းကျင် ၁ နှစ် ကျပ် သိန်း ၇၀၀၀ ကျော် ရရှိနိုင်မှာ ဖြစ်ပါတယ်။