ကျောင်းသူ ၂၀၀ ကျော် လွတ်မြောက်ရေး နိုင်ဂျီးရီးယားပြည်သူများ ဆန္ဒပြ

နိုင်ဂျီရီးယားနိုင်ငံမှာ ပြန်ပေးဆွဲခံနေရတဲ့ အထက်တန်းကျောင်းသူ ၂၀၀ ကျော် ပြန်လွတ်မြောက်ရေးအတွက် နိုင်ဂျီးရီးယားပြည်သူတွေ အဘူဂျာမြို့မှာ ဒီနေ့ ထပ်မံစုဝေးခဲ့ကြပြီး အစိုးရကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှာ တက်ကြွလှုပ်ရှားနေတဲ့ မွတ်စလင်စစ်သွေးကြွ ဘိုကိုဟာရမ်အဖွဲ့တွေက အထက်တန်းကျောင်းသူ ၂၀၀ ကျော်ကို စာမေးပွဲဖြေဆိုချိန်အတွင်း ပြန်ပေးဆွဲခဲ့ကြတာ ၁ လ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် အစိုးရက ထိုက်သင့်သလောက် လုပ်ဆောင်မှုမရှိဘူးလို့ ဆန္ဒပြသူတွေနဲ့ အခွင့်အရေးလှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။ အဂတိလိုက်စားမှု ဆန့်ကျင်ရေး ကွန်ရက်အဖွဲ့အတွင်းရေးမှူးက  “ပြည်ထောင်စုအစိုးရဟာ ဒီကိစ္စကို အရေးတယူဆောင်ရွက်ဖို့ အစီအစဉ်လည်းမရှိသလို၊ လုပ်ဆောင်မှုတွေလည်း မရှိသေးပါဘူး။ သမ္မတရော၊ အစိုးရအဖွဲ့ပါ အပြောပဲရှိနေပြီး စိတ်ဝင်စားမှုသိပ်မရှိဘူး” လို့ ပြောဆိုခဲ့ပါတယ်။ ကျောင်းသူတွေကို ကူညီရှာဖွေပေးဖို့ အမေရိကန်၊ ပြင်သစ် နဲ့ ဗြိတိန်ထောက်လှမ်းရေး တပ်ဖွဲ့တွေရဲ့ အကူအညီကို လက်ခံရေး သမ္မတ ဂျိုနာသန် နှောင့်နှေးခဲ့တယ်လို့ နိုင်ဂျီးရီးယားပြည်သူတွေက ဆိုပါတယ်။ အနောက်အာဖရိက နိုင်ငံခေါင်းဆောင်တွေ မေလ ၁၇ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ တွေ့ဆုံပြီး ဘိုကိုဟာရမ်အကြမ်းဖက်တွေကို ပူးတွဲနှိမ်နင်းရေးဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် သမ္မတ ဂျိုနာသန်အနေနဲ့ ကိုယ့်နိုင်ငံရဲ့ ပြဿဿ  နာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းဖို့လည်း လိုသေးတယ်လို့ အခွင့်အရေးလှုပ်ရှားသူက ဆက်လက်ပြောဆိုပါတယ်။ ပါရီမြို့ဆွေးနွေးပွဲမှာ နိုင်ဂျီးရီးယားသမ္မတ အပါအ၀င်၊ ပြင်သစ်၊ ဗြိတိန်၊ ဥရောပကော်မရှင်၊ ကမ်မရွန်း၊ နီဂါ၊ ချပ်နဲ့ ဘီနင်နိုင်ငံခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up