A d v e r t i s e m e n t With Us

မန်ချက်စတာယူနိုက်တက် လူးဝစ်ဗန်ဂေါကို နည်းပြခန့်အပ်

အင်္ဂလန်ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် ဘောလုံးကလပ်အသင်းဟာ နယ်သာလန်နိုင်ငံ ဘောလုံးအသင်းရဲ့ နည်းပြ လူးဝစ်ဗန်ဂေါကို နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။

Louis_van_Gaal_2904338bအသက် ၆၂ နှစ်အရွယ် ဗန်ဂါကို ၃ နှစ် သက်တမ်းရှိ စာချုပ် ချုပ်ဆိုလိုက်ပြီး ဒေးဗစ်မိုရက်နေရာမှာ အစားထိုးလိုက်တာပါ။

ကလပ်အသင်းက ရည်မှန်းချက် ကြီးသလို သူကလည်း ရည်းမှန်းချက်ကြီးပြီး ပရီးမီးယားလိဂ်မှာ အလုပ်လုပ်လိုတဲ့ ဆန္ဒရှိကြောင်း၊ မန်ယူလို နာမည်ကြီးအသင်းမှာ နည်းပြ လုပ်ရတာကို ဂုဏ်ယူကြောင်း ဗန်ဂေါက ဆိုပါတယ်။

ဗန်ဂေါဟာ အေဂျက်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ အေဇက်အယ်လ်ခမာ အသင်းတွေနဲ့ ဖလားတွေ ရယူခဲ့ဖူးသလို ဘရာဇီး ကမ္ဘာဖလားပြိုင်ပွဲမှာ နယ်သာလန် ဘောလုံးအသင်းရဲ့ နည်းပြတာဝန်ကို ထမ်းဆောင်ပြီးရင် မန်ယူအသင်းကို တာဝန်ယူမှာလည်း ဖြစ်ပါတယ်။

လက်ထောက်နည်းပြအဖြစ် မန်ယူအသင်းက ရွိုင်ယန်ဂစ်ကို ခန့်အပ်လိုက်ပါတယ်။

အလားတူ စပိန်လာလီဂါက ဘာစီလိုနာ ဘောလုံးအသင်းဟာလည်း နည်းပြသစ်အဖြစ် အသင်းရဲ့ ကစားသမားဟောင်း အသက် ၄၄ နှစ်အရွယ် လူးဝစ် အဲရစ်ကို ၂ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပါတယ်။

လာလီဂါမှာ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီးတဲ့နောက် ထုတ်ပယ်လိုက်တဲ့ နည်းပြ ဂါရာဒိုမာတီနိုနေရာကို အဲရစ်က အစားဝင်ရောက်ရမှာဖြစ်ပါတယ်။

အလယ်တန်းနဲ့ ရှေ့တန်းတိုက်စစ်မှုးဖြစ်တဲ့ အဲရစ်ဟာ ၁၉၉၆ ကနေ ၂၀၀၄ ခုနှစ်အထိ ဘာစီလိုနာအတွက် ပွဲပေါင်း ၃၀၀ နီးပါး ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up