ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) ပြင်ဆင်ရေး ချောင်းသာတွင် ပထမဆုံး ဆန္ဒပြ
ထွန်းထွန်းသိန်း
·
May 20, 2014
၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေမှာ ပါဝင်တဲ့ ပုဒ်မ ၄၃၆ နဲ့ ၅၉(စ) ပြင်ဆင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေဒေသမှာ ဒီနေ့ နံနက် ၉ နာရီက စတင်ပြီး ပထမဆုံး ဆန္ဒပြနေပါတယ်။
“တရားဝင်ခွင့်ပြုချက်နဲ့ ပထမဆုံးဆန္ဒပြတာပါ။ လူအင်အား ၃၀၀ လောက်ရှိပါတယ်။ အခုအထွေအထွေအုပ်ချုပ်ရေးမှူးရုံးက စထွက်နေပါပြီ။ ဘုရားကြီးကုန်းဘက်အထိ လမ်းလျှောက်ပြီး ရဲစခန်းရှေ့မှာ ပြန်လာပါမယ်။ ဟိုတယ်ဇုန်တွေဘက်လည်း သွားပါမယ်” လို့ ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ဒေသခံ ကိုမျိုးဦးက ဒီဗွီဘီကို ပြောပါတယ်။
ဆန္ဒပြပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ နဲ့ ၅၉(စ) ပြင်ဆင်ရေးတွေ ကြွေးကြော်မယ်လို့လည်း သူက ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဦးဆောင်ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲတွေကိုလည်း မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့နဲ့ မေလ ၁၈ ရက်နေ့က မန္တလေးမြို့တွေမှာ ကျင်းပခဲ့ပြီး လူထောင်သောင်းချီ တက်ရောက် အားပေးထောက်ခံခဲ့ပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်