Home
မြန်မာသတင်း
ကေအန်ယူ တပ်ဖွဲ့ဝင်များအတွက် ပြည်တွင်းတွင် အိမ်ရာဆောက်
နော်နိုရင်း
·
May 19, 2014
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က အပစ်အခတ်ရပ်စဲပြီးလို့ နိုင်ငံအတွင်း ပြန်လည်အခြေချနေထိုင်မယ့် တပ်ဖွဲ့ဝင်တွေအတွက် နေရာ ထိုင်ခင်းအဆင်ပြေအောင် တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်နေပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (aကအန်ယူ) တပ်မဟာ ၇ နယ်မြေ မော်ဖိုးကေနဲ့ မယ်သရီ ရွာတွေမှာ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်နေတယ်လို့ ကေအန်ယူ တပ်မဟာ ၇ ရဲ့ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးမိုးဇက် ပြောပါတယ်။ KNU army soldiers march to commemorate the 63rd anniversary of Karen Revolution Day at Oo Kray Kee Townshipဒီအဆောက်အဦတွေကို တည်ဆောက်တာဟာ အပစ်အခတ် ရပ်စဲပြီးရင် ကေအန်ယူ တပ်ဖွဲ့ဝင်တွေ ပြည်တွင်းဒုက္ခ သည်တွေ ပြန်လာနေလို့ရအောင် ကြိုတင်တည်ဆောက်တာလို့ ဗိုလ်မှူးမိုးဇက်က ပြောပါ တယ်။ ဒီအဆောက်အဦတွေကို ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်း ကတည်းက ဆောက်လုပ်နေတာဖြစ်ပြီး ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ ပြောပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာနကနေ ရန်ပုံငွေချပေးတဲ့အတွက် အခုလို တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်တာလို့ ပြောပါတယ်။ ဒီရန်ပုံငွေအရ အိမ်တအိမ်ကို သိမ်း ၅၀ နဲ့ ချပေးတာလို့ ဗိုလ်မှူး မိုးဇက်က ပြောပါတယ်။ အိမ်ရာတွေ တည်ဆောက်ပြီးသွားရင်တော့ အဲဒီမှာ အခြေချနေထိုင်မယ့်သူကို ရွေးချယ်ပြီး အခမဲ့နေရာချပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အဲဒီမှာပြန်အခြေချမယ့် သူတွေအတွက်ကိုလည်း နောက်ပိုင်းမှာ အသက်ရှင်ရပ်တည်နိုင်ဖို့ အလုပ်အကိုင်တွေ ဖန်တီးပေးသွားမယ်လို့ ပြောပါတယ်။ ကေအန်ယူအနေနဲ့အပစ်ခတ်ရပ်စဲပြီးရင် ပြန်လည်အခြေချနေထိုင်ဖို့ အိမ်ရာတွေ ဆောက်လုပ်ပေးနေပေမယ့် တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်ဖို့ကတော့ အစိုးရနဲ့ တိုင်းရင်းသားတွေကြား ကြိုးစားနေဆဲဖြစ်ပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024