တရုတ်ရေတပ် အရှေ့တရုပ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်

တရုတ်နိုင်ငံရဲ့ အရှေ့တရုတ်ပင်လယ် ရေတပ်မဟာ မေလ ၁၆ ရက်နေ့က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ကြပါတယ်။ Chinese Navy ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ တရုတ်ရေတပ်က နောက်ဆုံးထုတ် စစ်သင်္ဘောတွေကို ထုတ်သုံးခဲ့ပြီး ရေမိုင်ရာနဲ့ချီဝေးတဲ့ ပစ်မှတ်တွေကို တာဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်လေ့ကျင့်ခဲ့ ကြပါတယ်။ ကြည်းတပ်၊ လေတပ်၊ ရေတပ်တွေအားလုံး ပစ်မှတ်တွေကို ထိမှန်ဖို့ အချိတ်အဆက်မိမိ ပူးပေါင်း လေ့ကျင့်ခဲ့ကြတယ်လို့လည်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ပြောဆိုပါတယ်။ အရှေ့တရုတ်ပင်လယ်မှာ ဂျပန်နိုင်ငံနဲ့ ရေပိုင်နက်အငြင်းပွားမှုတွေဖြစ်ပွားနေချိန်မှာ အခုလို စစ်ရေးလေ့ကျင့်ခဲ့တာလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၀န်ကြီးချုပ်အဖြစ်မတက်ခင်မှာ တရုတ်နဲ့ ဂျပန်နိုင်ငံတို့ အရှေ့တရုတ်ပင်လယ်မှာ ရေပိုင်နက် အငြင်းပွားမှု ပြန်လည်ဖြစ်ပွားလာခဲ့ကြပါတယ်။ တောင်တရုတ်ပင်လယ်မှာလည်း တရုတ်နိုင်ငံဟာ နိုင်ငံတောင်ပိုင်းက အိမ်နီးချင်းနိုင်ငံတွေနဲ့ ရေပိုင်နက် အငြင်းပွားမှုတွေ တချိန်ထဲမှာ ဖြစ်ပွားနေပါတယ်။ ဗီယက်နမ်နိုင်ငံကလည်း ပိုင်ဆိုင်တယ်လို့ ဆိုနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံက ရေနံတူးစင်ဆောက်လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး အဓိကရုန်းတွေ ဒီတပတ်အတွင်း ဖြစ်ပွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up