အကြမ်းဖက်မှုများ ဆက်ဖြစ်ရင် အင်အားသုံးမည်ဟု ထိုင်းစစ်ဦးစီးချုပ်ပြော

ထိုင်းနိုင်ငံမှာ လူထုအပေါ် အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေရင် တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ ဥပဒေစိုးမိုးရေးအတွက် အင်အားအပြည့်အ၀သုံးတော့မယ်လို့ ထိုင်းကာကွယ်ရေး စစ်ဦးစီးချုပ်က နိုင်ငံရေးအဖွဲ့အစည်းနှစ်ဖက်စလုံးကို အပြင်းထန်ဆုံး သတိပေး လိုက်ပါတယ်။ [caption id="attachment_56728" align="alignright" width="300"] ဗိုလ်ချုပ်ကြီး ဖရာရုတ် ဗိုလ်ချုပ်ကြီး ဖရာရုတ်[/caption] မေလ ၁၄ ရက်နေ့ညက ဘန်ကောက်မြို့ ဒီမိုကရေစီကျောက်တိုင်မှာ ညအိပ်ဆန္ဒပြသူတွေကို ကားတစီးနဲ့ ၀င်ရောက်ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း ဗိုလ်ချုပ်ကြီး ဖရာရုတ်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်မှုမှာ လူ ၃ ဦး သေဆုံးခဲ့ပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။ မေ ၁၅ ရက်နေ့ မနက်မှာတော့ ရွေးကောက်ပွဲရက်သတ်မှတ်ဖို့ အစည်းအဝေး ကျင်းပရာ ထိုင်းလေတပ်တခုကို အစိုးရဆန့်ကျင်သူတွေ ၀င်ရောက်ခဲ့ကြလို့ ယာယီဝန်ကြီးချုပ်အပါအ၀င် ထိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ ရှောင်ပြေးခဲ့ရပါတယ်။ ဘန်ကောက်မြို့ ဆန္ဒပြပွဲတွေ ပြန်ပြင်းထန်လာတာကြောင့် ဇူလိုင်လမှ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်လောက်ဘူးလို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ပြောဆိုခဲ့တဲ့အပေါ် အစိုးရအတိုက်အခံနဲ့ ဆန္ဒပြသူတွေ ကြိုဆိုခဲ့ကြပါတယ်။ ဆုရတ်ဌာနီက ဆန္ဒပြသူ အမျိုးသမီးတဦးက အစိုးရ အပြောင်းအလဲမရှိဘဲ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ၆ လအတွင်း ပေးဆပ်ခဲ့ရတာတွေအားလုံး အချည်းနှီး ဖြစ်ကုန်မယ်လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိ ထိုင်းနိုင်ငံရေးအကျပ်အတည်းတွေက လွတ်မြောက်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ပဲ ဖြစ်တယ်လို့ လက်ရှိထိုင်းအစိုးရက လက်ခံယူဆနေပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲလုပ်တိုင်း လက်ရှိအာဏာရပါတီကပဲ အနိုင်ရနေတာကြောင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေ မလုပ်ဘဲ ရွေးကောက်ပွဲအရင် ကျင်းပတာကို အတိုက်အခံတွေက လက်မခံပါဘူး။ ၆ လကြာ ဆန္ဒပြပွဲတွေအတွင်း လူ ၂၇ ဦး သေဆုံးခဲ့ပြီဖြစ်ပြီး ရာနဲ့ချီပြီး ဒဏ်ရာရခဲ့ကြပြီဖြစ်ပါတယ်။ ၀န်ကြီးချုပ် ယင်းလပ် ပြီးခဲ့တဲ့တပတ်က ရာထူးက ဖယ်ရှားခံရပြီး အာဏာရ ဖွေ့ထိုင်းပါတီက ယခင်ကုန်သွယ်ရေးဝန်ကြီးက ၀န်ကြီးချုပ်ရာထူးကို ရယူခဲ့ပါတယ်။ လက်ရှိအစိုးရဟာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်ခံရပြီး တက်လာတဲ့ အစိုးရဖြစ်တယ်လို့ အစိုးရက ပြောဆိုပြီး အတိုက်အခံတွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောပေးဖို့ ငြင်းဆန်နေခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up