မြန်မာအဲဝေး အင်တာနေရှင်နယ် MAI လေယာဉ်တစင်းနဲ့ ထိခိုက်မှုဖြစ်ခဲ့ပြီးနောက် ရန်ကုန်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက် ခရီးစဉ်တွေကို ရပ်ဆိုင်းလိုက်တဲ့ ရွှေမြန်မာ လေကြောင်းလိုင်းဟာ လေယာဉ်သစ်တစီး ထပ်မံရောက်ရှိလာပြီး ပြည်တွင်း ခရီးစဉ်တွေကိုပဲ ပြေးဆွဲသွားတော့မယ်လို့ လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပါတယ်။
လာမယ့် မေလ ၂၇ ရက်နေ့ကစ မန္တလေးကို ဗဟိုပြုပြီး ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ ဗန်းမော်၊ မြစ်ကြီးနား၊ ပူတာအို၊ လားရှိုး ခရီးစဉ်တွေကို ပြေးဆွဲမယ်လို့ ဆိုပါတယ်။
ဇွန်လ နောက်ဆုံးပတ် နောက်ထပ် လေယာဉ်တစီး ထပ်ရောက်လာရင် မန္တလေး၊ ရန်ကုန်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း စတဲ့ အောက်မြန်မာပြည်ကို ပြေးဆွဲသွားမယ်လို့ ရှင်းပြပါတယ်။
လက်ရှိ ပြည်တွင်းမှာ မြန်မာ့လေကြောင်းအပါ အ၀င် လေကြောင်းလိုင်း (၈) လိုင်း ပြေးဆွဲနေပါတယ်။