ကန့်ကွက်မှုများရှိပေမယ့် ရေနံဆက်တူးမည်ဟု တရုတ်ပြော

တရုတ်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဖန်င် ဖန်ဟွေး

တောင်တရုတ်ပင်လယ်တွင်း တရုတ်နိုင်ငံက ရေနံတူးနေတာနဲ့ပတ်သက်ပြီး ဆန့်ကျင် ကန့်ကွက်မှုတွေ ရှိနေပေမယ့် ရေနံတူးဖော်ရေးလုပ်ငန်းတွေကို ဖြစ်အောင် ဆက်လုပ်သွား မယ်လို့ တရုတ်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဖန်င် ဖန်ဟွေး (Fang Fenghui) က ပြောဆိုခဲ့ပါတယ်။

[caption id="attachment_56696" align="alignright" width="300"]တရုတ်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဖန်င် ဖန်ဟွေး တရုတ်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဖန်င် ဖန်ဟွေး[/caption]

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်စစ်ဦးစီးချုပ်က အခုလိုပြောဆိုခဲ့ပြီး ဒေသတွင်းမှာ အမေရိကန်နိုင်ငံရဲ့ စစ်ရေး ၀င်ရောက်စွက်ဖက်မှုတွေကြောင့် အခုလို ဖြစ်ပွားရတာလို့ ဆိုပါတယ်။

တခြားနိုင်ငံတွေ တောင်တရုတ်ပင်လယ်မှာ ရေနံတူးရင် ပြစ်တင်ပြောဆိုမှုတွေမရှိဘဲ တရုတ်နိုင်ငံက ရေနံတူးတာနဲ့ ဒေသတွင်းလုံခြုံရေးကို ထိခိုက်ရပါတယ်ဆိုတာ ဖြစ်လာရတယ် လို့လည်း တရုတ်စစ်ဦးစီးချုပ်က ပြောပါတယ်။

တရုတ်နိုင်ငံက ပြဿ   နာ ဖြစ်ပွားမှု အနည်းဆုံးဖြစ်အောင် အမြဲတမ်းသတိထား လုပ်ဆောင်ပြီး အခုရေနံတူးတာကလည်း တရုတ်ရေပိုင်နက်ထဲမှာ ဖြစ်တာကြောင့် ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်ဗိုလ်ချုပ်ကြီး မာတင် ဒန်မ့်ဆေး (Martin Dempsey) ကတော့ တပ်မတော်နှစ်ခု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အကြမ်းဖက်မှုနဲ့ ပင်လယ်ဓားပြ တိုက်ဖျက်ရေး ကိစ္စတွေကို တရုတ်စစ်ဦးစီးချုပ်နဲ့ ဆွေးနွေးခဲ့ကြတယ်လို့ ပြောဆိုခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်တွင်း တရုတ်ရေနံတူးစင်ကိစ္စကြောင့် ဗီယက်နမ်နိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းတွေဖြစ်ပွားနေပြီး အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ပါတယ်။

တရုတ်ကိုယ်စားလှယ်တဖွဲ့ကိုလည်း မနေ့က ဗီယက်နမ်နိုင်ငံကို စေလွှတ်ခဲ့ပြီး တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးမှုတွေအတွက် ဗီယက်နမ်နိုင်ငံမှာ တာဝန် အပြည့်အ၀ရှိတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up