မြန်မာနိုင်ငံမှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI ဟာ လုပ်ကိုင်မယ်လို့ အဆိုပြုချက်ရဲ့ ၇၈ ရာခိုင်နှုန်းပဲ တကယ်ရင်းနှီးမြှုပ်နှံမှု လုပ်ခဲ့ပြီး ၂၂ ရာခိုင်နှုန်းကတော့ အကြောင်း အမျိုးမျိုးကြောင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်း မရှိဘူးလို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
[caption id="attachment_32551" align="alignright" width="300"] လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)[/caption]လက်ရှိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အဆိုပြု လက်မှတ်ရေးထိုးထားမှုဟာ ဒေါ်လာ ၄၆.၄ ဘီလီယံ ရှိပေမယ့် တကယ် ၀င်ရောက်ရင်းနှီးမြှုပ်နှံတာကတော့ ၃၆.၄ ဘီလီယံကျော်ပဲ ရှိပါတယ်။ လက်မှတ်ရေးထိုးပြီးမှ လာပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်တာဟာ ၁၀ ဘီလီယံကျော် ရှိနေပါတယ်။
အမှန်တကယ် ရင်းနှီးမြှုပ်နှံမှု ထိပ်ဆုံးစာရင်းမှာ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့ ဦးဆောင်နေပြီး စုစုပေါင်း ဒေါ်လာ ၃၁ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံထားပါတယ်။