ကမ္ဘောဇ အက်ဖ်စီက တောင်ကြီး အိမ်ကွင်းပြန်အပ်လိုက်ပြီ

ကမ္ဘောဇအက်ဖ်စီက သူတို့ရဲ့ အိမ်ကွင်းဖြစ်တဲ့ ရှမ်းပြည်နယ် အားကစားကွင်းကို အငှားစာချုပ် ပထမ ၃ နှစ် ပြည့်ချိန်မှာ ပြည်နယ်အစိုးရကို ပြန်အပ်လိုက်ပြီ ဖြစ်ပါတယ်။ “အိမ်ကွင်းအတွက်က အဖွဲ့ချုပ်က စီစဉ်ပေးမှာပေါ့။ ရန်ကုန်မှာပဲ ပြန်ယူမှာပေါ့” လို့ ကမ္ဘောဇ အက်ဖ်စီ အသင်းရဲ့ တာဝန်ရှိသူ ဦးခင်မောင်လတ်က ပြောပါတယ်။ KBZ FCမြန်မာနေရှင်နယ်လိဂ် အသင်းတွေအတွက် အိမ်ကွင်းတွေ သတ်မှတ် ငှားရမ်းပေးခဲ့တာမှာ ကမ္ဘောဇအက်ဖ်စီက ရှမ်းပြည်နယ် အားကစားကွင်းကို ရရှိခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်ကနေ နှစ် ၃၀ အငှားစာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ အဲဒီနောက် ပြင်ဆင်မှုတွေ အများကြီးလုပ်ထားရတဲ့အတွက် တောင်ကြီးမှာ ပြုလုပ်တဲ့ ကစားပွဲတွေရဲ့ ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေကိုပဲ ကျင်းပခွင့် ပေးနိုင်ခဲ့ပါတယ်။ “အခုလို ဘောလုံးကွင်းပြန်ရတော့ ကောင်းတာပေါ့။ မဟုတ်ရင် တောင်ကြီးက ပွဲတွေကို ၂၁၂ စစ်တပ်ကွင်းနဲ့ ရွှေညောင်က ကွင်းတွေမှာ သွားကစားနေရတယ်” လို့ တောင်ကြီး ဒေသခံ ခွန်ကျော်ဇင်ထွန်းက ပြောပါတယ်။ အားကစားကွင်း နှစ် ၃၀ အငှားစာချုပ်အရ ပထမ ၃ နှစ်ကို အခမဲ့ အသုံးချခွင့်ရပြီး ကျန်နှစ်တွေကိုတော့ ငှားခပေးရမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အသင်းရုံးခန်းမှာ ဒီနေ့ နေ့လယ် သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့လည်း ဦးခင်မောင်လတ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up