ချယ်လ်ဆီးအသင်း ဂျွန်တယ်ရီကို ၁ နှစ် သက်တမ်းတိုး

ဓာတ်ပုံ - ရိုက်တာ
692
အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးလ် အသင်းခေါင်းဆောင်နဲ့ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီက အသင်းနဲ့ တနှစ်စာချုပ်သက်တမ်း ထပ်မံတိုး လိုက်ပါတယ်။
ချဲလ်ဆီးအသင်းနဲ့ နှစ် ၂၀ နီးပါး ရောက်လာစေတဲ့ ဒီလိုစာချုပ် သက်တမ်းတိုးနိုင်တဲ့ အတွက် ၀မ်းသာတယ်လို့ တယ်ရီက ပြောဆိုခဲပါတယ်။
ဝက်စ်ဟမ်းကလပ် လူငယ်အသင်းကနေ အသက် ၃၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ တယ်ရီက ချဲလ်ဆီးအသင်းမှာ ၁၉၉၈ ခုနှစ်ကတည်းက ပါဝင်ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။
တယ်ရီက ချဲလ်ဆီးအသင်းအတွက် ၆၂၁ ပွဲ ပါဝင် ကစားခဲ့ပြီး အက်ဖ်အေဖလား ၅ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ပရီးမီးယားလိဂ် ၃ ကြိမ်၊ ယူရိုပါလိဂ် ၁ ကြိမ် ရယူပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ချဲလ်ဆီး အတွက် ၄၂၁ ပွဲပါဝင်ကစားခဲ့ပြီး ၃၄ ဂိုးသွင်းယူပေးထားပါတယ်။