စစ်တွေ ကူညီထောက်ပံ့ရေး အစက ပြန်လုပ်နေရ - မေးမြန်းချက်
ရွှေအောင်
·
May 14, 2014
ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေ အပါအ၀င် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေဟာ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို အစက ပြန်စလုပ်နေကြရတယ်လို့ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။
ကုလအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာ ထောက်ထားခြင်း လုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ လွတ်လပ်ခြင်း၊ ဘက်မလိုက်ခြင်း စတဲ့ မူလေးရပ်နဲ့ ချမှတ်လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ကုလရုံး ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်းကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
အပြည့်အစုံ နားဆင်ရန်