Home
မြန်မာသတင်း
ဂန့်ဂေါတွင် YDF အဖွဲ့ဝင် ၃ ဦးနှင့်‌ ဒေသခံရွာသား ၃ ဦးကို စစ်ကောင်စီတပ် ပစ်သတ်
DVB
·
November 24, 2022

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာတောင်ဘက် ဇာဟော-အုတ်လှလမ်းပေါ်မှာ နိုဝင်ဘာ ၂၂ ရက်က စစ်ကောင်စီတပ် ခလရ ၅၀ တပ်တဖွဲ့ဝင်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတွေကို ဘေးလွတ်ရာ ကူညီကယ်ထုတ်ပေးနေတဲ့ ယောကာကွယ်ရေးတပ်-YDF တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံခဲ့ရပါတယ်။

ပစ်ခတ်ခံခဲ့ရတာကြောင့် YDF တပ်ဖွဲ့ဝင် ရဲဘော် အောင်နိုင်၊ ရဲဘော် အောင်ကျော်မိုးနဲ့ ‌ရဲဘော် အောင်ကိုကိုတို့ ထိမှန်ခဲ့တယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က ထုတ်ပြန်ပါတယ်။

ရဲဘော် အောင်နိုင်ဟာ ရင်ညွန့်နဲ့ နံကြားမှာ ကျည်ထိမှန်ပြီး နေရာမှာ ပွဲချင်းပြီး ကျဆုံးခဲ့ကာ ရဲဘော် အောင်ကျော်မိုးကတော့ ဘယ်ဘက်လက်မောင်းမှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ရဲဘော် အောင်ကိုကိုကတော့ ပစ်ခတ်ခံရပြီးနောက် လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ YDF တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ဇဟောရွာသား ၃ ဦးကိုလည်း စစ်ကောင်စီတပ်သား‌တွေက ပစ်သတ်ခဲ့တယ်လို့‌ ပြောပါတယ်။

ဇဟောရွာသားတဦးကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် ဦးခေါင်းတည့်တည့် ကျည်ထိမှန် သေဆုံးခဲ့ကာ စပါးရိတ်နေတဲ့ ဇဟောရွာသား နှစ်ယောက်ကိုလည်း အကြောင်းမဲ့ ပစ်သတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သား‌တွေရဲ့ ပစ်ခတ်မှုကြောင့် ဇဟောကျေးရွာက ဒေသခံတွေနဲ့ YDF အဖွဲ့ဝင်တွေ ကျဆုံးမှုအတွက် လွန်စွာစိတ်မကောင်းဖြစ်မိပြီး ကျဆုံးခဲ့ရသူတွေအတွက် လက်တုံ့ပြန်သွားမယ်လို့ ဂန့်ဂေါ PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဇဟောကျေးရွာနဲ့ အနီးအနားက ကျေးရွာဒေသခံတွေကတော့ ဘေးလွတ်ရာ ဒေသတွေမှာ‌ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024