Home
မြန်မာသတင်း
ကေအိုင်အိုနှင့် အစိုးရ ဆွေးနွေးပွဲစတင်
နော်နိုရင်း
·
May 13, 2014

အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်အကြား တိုက်ပွဲတွေဖြစ်နေတဲ့ကိစ္စ ကို အဖြေရှာဖို့ နှစ်ဖက်ကိုယ်စား လှယ်တွေ ဒီမနက် ၉ နာရီ စတင်ဆွေးနွေးကြပါတယ်။

10314567_10152460186003594_107123897926910968_nဒီဆွေးနွေးပွဲမှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအ၀င်၊ ၀န်ကြီး ၅ ဦးတက်ရောက်ခဲ့ပြီး ကေအိုင်အို ဘက်ကတော့ ဦးဆွမ်လွတ်ဂမ် ဦးဆောင်တဲ့ ကေအိုင်အို အဖွဲ့တို့ ဆွေးနွေးကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ လက်နက်ကိုင်ပဋိပက္ခကိစ္စတွေကို အဓိကထားစတင်ဆွေးနွေးကြပြီး ကေအိုင်အေရဲ့ ဒု-စစ်ဦးစီချုပ်ဗိုလ်ချုပ်ဂွန်မော်က မီဒီယာတွေနဲ့ ဆက်ဆံပြောဆိုမှုတွေကို အဓိက ဖြေရှင်းခဲ့တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်က ပြောပါတယ်။

ဒီဆွေးနွေးပွဲအတွင်း အစိုးရတပ်အရာရှိတွေအပါအ၀င် လွတ်တော်ကိုယ်လှယ်တွေ ရောက်ရောက်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ယူအန်ကိုယ်စားလှယ်တွေက လေ့လာစောင့်ကြည်သူအနေနဲ့ တက်ရောက်ခဲ့ပါတယ်။

ဦးညိုအုန်းမြင့်နှင့် မေးမြန်းချက် အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024