A d v e r t i s e m e n t With Us

ကနေဒါနိုင်ငံအနှံ့ နိုင်ဂျီးရီးယားကျောင်းသူ ၂၀၀ ကျော်ကို ပြန်ပေးဆွဲမှု ဆန့်ကျင်ကြောင်းပြသ

ကနေဒါနိုင်ငံက မြို့အတော်များများမှာ မေလ ၁၀ ရက်နေ့က စီတန်းလှည့်လည်ပွဲတွေ ကျင်းပခဲ့ပါတယ်။ အရင်လက နိုင်ဂျီးရီးယားနိုင်ငံမှာ မိန်းကလေးအယောက် ၂၀၀ ကျော်ကို ပြန်ပေးဆွဲသွားမှုကို ရက်စက်ရမ်းကားမှုအဖြစ် ဆန့်ကျင်ကြောင်းပြသနေတာပါ။ အတတ်လန်တာ နယူးယောက်စီးတီးနဲ့ တိုရွန်တိုမြို့တွေက ဆန္ဒပြသူတွေက ဆိုင်းဘုတ်တွေ ကိုင်စွဲရင်း မိန်းကလေးတွေကို ပြန်လွှတ်ဖို့နဲ့ ကမ္ဘာတလွှား လူကုန်ကူးမှု အဆုံးသတ်ဖို့ ဆောင်ပုဒ်တွေကို ကြွေးကြော်ခဲ့ပါတယ်။ missing Nigerian schoolgirlsမန်ဟတ်တန်မြို့က နိုင်ဂျီးရီးယား ကောင်စစ်ဝန်ရုံး အပြင်ဘက်မှာတော့ ရာနဲ့ချီတဲ့လူတွေ စုရုံးခဲ့ပါတယ်။ တိုရွန်တိုမြို့က နိုင်ဂျီးရီးယား ရပ်ကွက်သားတွေက ပျောက်နေတဲ့ မိန်းကလေးတွေ ကို ရှာရေး ကနေဒါအစိုးရက ကူညီဖို့ တောင်းဆိုခဲ့ပါတယ်။ နယူးယောက်စီးတီးမြို့တော်ဝန် ဘီလ် ဒယ်ဘာလစီယိုကတော့ ဒီပြန်ပေးဆွဲမှုကို တကမ္ဘာလုံးက ပြည်သူတွေက ရှုတ်ချသင့်တယ်လို့ ဆိုပါတယ်။ အမေရိကန် သမ္မတအိမ်ဖြူတော်ကတော့ စစ်ဖက်နဲ့ အရပ်ဖက် အကြံပေးတွေက နိုင်ဂျီးရီးယား အာဏာပိုင်တွေကို ကူညီနေတယ် ဒါပေမယ့် ကယ်ဆယ်ရေးအတွက် စစ်တပ်ကိုတော့ လွှတ်ပေး မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ နိုင်ဂျီးရီးယား သမ္မတ ဂွဒ်လခ် ဂျိုနသန်ကတော့ ဘိုကိုဟာရမ် အစ်စလာမစ် စစ်သွေးကြွအုပ်စုက ဖမ်းသွားတဲ့ မိန်းကလေးတွေဟာ သူ့နိုင်ငံထဲမှာပဲ ရှိနေသေးတယ်ဆိုတာ ယုံတယ်လို့ မေလ ၉ ရက်နေ့က ပြောပါတယ်။ နိုင်ဂျီးရီးယားနဲ့ ကင်မရွန်းနယ်စပ်က ချီဘွတ်ရွာ အထက်တန်းကျောင်းကို စစ်သွေးကြွတွေက ဧပြီ ၁၄ ရက်နေ့က မွှေနှောက်ခဲ့ကြပြီး စာမေးပွဲဖြေနေတဲ့ မိန်းကလေးတွေကို ဖမ်းဆီးခဲ့ကြတာပါ။ အယောက် ၅၀ လောက် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အယောက် ၂၀၀ လောက်ကတော့ သူပုန်တွေဆီမှာ ကျန်နေဆဲပါ။

A d v e r t i s e m e n t With Us

More News
Up