တောင်အာဖရိက ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ အာဖရိကအမျိုးသားပါတီ အနိုင်ရ

အာဖရိက ရွေးကောက်ပွဲရလဒ် ကြေညာစဉ်
အခုနှစ် တောင်အာဖရိကရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ အာဖရိကအမျိုးသားပါတီ (အေအန်စီ) ပါတီက အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က မေ ၉ ရက်နေ့က ကြေညာခဲ့ပါတယ်။ မဲအားလုံးရေတွက်အပြီးမှာ ပါတီက ၆၂ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာက ဒီမိုကရက်အလိုင်းရမ့်ပါတီ (ဒီအေ) က ၂၂ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ လက်ရှိ အာဏာရပါတီဟာ အလုပ်အကိုင်ရှားပါးမှု၊ အဂတိလိုက်စားမှု၊ မျှတမှုမရှိမှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရပေမယ့် ရရှိခဲ့တဲ့ မဲအရေအတွက်ကို ကြည့်ရင်တော့ လူထုက ယုံကြည်မှုရှိနေသေးတယ်ဆိုတာကို ပြသနေတာ လည်း ဖြစ်ပါတယ်။ [caption id="attachment_56320" align="alignleft" width="300"]အာဖရိက ရွေးကောက်ပွဲရလဒ် ကြေညာစဉ် အာဖရိက ရွေးကောက်ပွဲရလဒ် ကြေညာစဉ်[/caption]မဲပေးနိုင်သူ ၇၃ ရာခိုင်နှုန်း ဖြစ်တဲ့ တောင်အာဖရိကပြည်သူ ၂၅ သန်းကျော်က မဲပေးခဲ့ကြပြီး ရွေးကောက်ပွဲကို အေးအေးဆေးဆေး ကျင်းပနိုင်ခဲ့ပါတယ်။ အစိုးရကတော့ စွပ်စွဲချက်အမျိုးမျိုးနဲ့ ရင်ဆိုင်နေရပေမယ့် အမျိုးသားရေးကို ရှေ့တန်းမတင်ပဲ အဓိကပေါ်လစီဖြစ်တဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်တွေကို ဆက်လုပ်ဆောင်သွားဖို့ များတယ်လို့ ဆိုပါတယ်။ အစိုးရရဲ့ အစီအစဉ်တွေဟာ စီးပွားရေး အရမ်းဆန်တာကြောင့် တောင်အာဖရိကနိုင်ငံရဲ့ အင်အားကောင်းတဲ့ သမဂ္ဂတွေကို ခြိမ်းခြောက်နေပြီး ပါတီတွေအတွက် ကွဲထွက်ကုန်နိုင်တယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ ၁၉၉၄ အပါတိုက်ဆန့်ကျင်ရေး ပြီးဆုံးခဲ့ပြီးနောက်ပိုင်း မွေးဖွားလာသူတွေ ပထမဆုံး မဲပေးခွင့်ရခဲ့ကြပြီး ၃ ချိုး ၁ ချိုးပဲမဲပေးခဲ့ကြပါတယ်။ ပါတီဆက်အနိုင်ရတာကြောင့် သမ္မတ ဂျကော့ဇူးမား နောက်ထပ်သမ္မတသက်တမ်း ၅ နှစ် အတွက် သမ္မတရာထူးကို ဆက်ယူနိုင်ပေမယ့် ရွေးကောက်ပွဲ မဲဆွယ်ရေးကာလက အစိုးရငွေတွေနဲ့ ကိုယ်ပိုင်အိမ်ဆောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ရေပါတယ်။ သမ္မတဇူးမားကတော့ ရွေးကောက်ပွဲအဖြေက ကောင်းမွန်နိုင်ပေမယ့် ပါတီမဲဆွယ်စည်းရုံးပွဲတွေ ကတော့ ခက်ခဲခဲ့တယ်လို့ မေ ၇ ရက်နေ့ မဲထည့်စဉ်ပြောကြားခဲ့ပါတယ်။ အခုရွေးကောက်ပွဲ မဲရလဒ် ၆၂ ရာခိုင်နှုန်းဟာ၂၀၀၉ ရွေးကောက်ပွဲတုံးကရရှိခဲ့တဲ့မဲ ၆၆ ရာခိုင်နှုန်းနဲ့ နှိုင်းစာရင် အနည်းငယ်ကျဆင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up