Home
သတင်းတို
ရန်ကုန်နှင့်သံလျင်တွင် လေပြင်းတိုက်
DVB
·
May 9, 2014

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြိုနဲ့ သံလျင်မြို့နယ်မှာ မနေ့ညနေပိုင်းက လေပြင်းတွေ တိုက်ခတ်ခဲ့တဲ့အတွက် ဓာတ်တိုင်တွေ သစ်ပင်တွေ လဲပြိုခဲ့သလို လူနေအိမ် ခေါင်မိုးတွေ လှန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ပေါ်မှာ လေပြင်းကြောင့် သစ်ပင်တွေ ကျိုးကျသလို ဆိုင်းဘုတ်တွေ လွဲပြိုသွားခဲ့တယ်လို့ ဆိုပါတယ်။

[caption id="attachment_56303" align="alignleft" width="300"]ယနေ့ နေ့လယ်က ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာခဲ့ပြီးနောက် ယုဇန ပလာဇာရှေ့လမ်းပေါ်တွင် ရေလျှံနေနသည်ကို တွေ့ရစဉ် ယနေ့ နေ့လယ်က ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာခဲ့ပြီးနောက် ယုဇန ပလာဇာရှေ့လမ်းပေါ်တွင် ရေလျှံနေနသည်ကို တွေ့ရစဉ်[/caption]

သန်လျင် ကျိုက်ခေါက် ဘုရားအနီးမှာ ဓာတ်တိုင် အတော်များများ လဲပြိုခဲ့ပြီး အဆိုးဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လျှပ်စစ်မီး ပြတ်တောက်သွားတာ အခုထိ ပြန်လည် ရရှိခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

သန်လျင်မြို့ပေါ် မှာတော့ လဲပြိုသွားတဲ့ ဓာတ်တိုင်တွေအတွက် အခုထိ ပြင်ဆင်မှုတွေ မလုပ်သေးတဲ့အကြောင်းနဲ့ အဓိကကျတဲ့ သီလ၀ါသွားတဲ့ မီးကြိုးတွေကိုတော့ ပြန်လည် ပြင်ဆင်တာတွေလုပ်နေပုံရတယ်လို့ သန်လျင် ဒေသခံတဦးက ပြောပါတယ်။ လေပြင်းကြောင့် ထိခိုက် သေဆုံးသူ မရှိဘူးလို့လည်း ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024