A d v e r t i s e m e n t With Us

ယူကရိန်းစစ်တပ်ကို အဆင့်မြှင့်တင်မည်ဟု ၀န်ကြီးချုပ်ပြော

ယူကရိန်းဝန်ကြီးချုပ် အာစင်နီ ရာဆင်ညှက်က ယူကရိန်းအရှေ့ပိုင်း ဆလာဗီယံမြို့နားမှာ မှာ တပ်စွဲထားတဲ့ ယူကရိန်းစစ်တပ်တွေကို ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က သွားရောက်စစ်ဆေး အားပေးခဲ့ပါတယ်။ ယူကရိန်းခွဲထွက်ရေး၊ ရုရှားထောက်ခံသူတွေနဲ့ စစ်ဆင်ရေး လုပ်နေတဲ့ ယူကရိန်းတပ် တွေကို သွားရောက် အားပေးတာ ဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ခေတ်မီတင့်ကားတွေနဲ့ အဆင့်မြင့်တပ်ဆင်ဖို့ကိုလည်း ခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။ [caption id="attachment_56215" align="alignleft" width="300"]ယူကရိန်းဝန်ကြီးချုပ် ယူကရိန်းစစ်တပ်များအား လိုက်လံကြည့်ရှုနေစဉ် ယူကရိန်းဝန်ကြီးချုပ် ယူကရိန်းစစ်တပ်များအား လိုက်လံကြည့်ရှုနေစဉ်[/caption]ယူကရိန်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ်စ တင်ပြီး မကြာခင်မှာပဲ ယူကရိန်းအရှေ့ပိုင်းမှာ မေ ၁၁ ရက်နေ့မှာ ပြုလုပ်မယ့် လူထုဆန္ဒခံယူပွဲတွေကို ရက်ရွေ့ပေးဖို့ ယူကရိန်းခွဲထွက်ရေးတွေကို ရုရှားသမ္မတ ဗလာဒီမာပူတင်က တောင်းဆိုခဲ့ပြီး ယူကရိန်းနဲ့ နယ်စပ်မှာ ချထားတဲ့ ရုရှားတပ်တွေကိုလည်း ပြန်ရုပ်သိမ်းပြီလို့ ပြောဆိုခဲ့ပါတယ်။ ယူကရိန်းဝန်ကြီးချုပ်ကတော့ သမ္မတပူတင်ရဲ့ပြောဆိုချက်တွေဟာ ကြွားလုံး ထုတ်တယ်လို့ပဲ သဘောထား ပြောဆိုခဲ့ပါတယ်။ အရင် ယူကရိန်းခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်ရှိရှိ ယူကရိန်းစစ်တပ်ကို အင်အား မရှိအောင် လုပ်ဆောင်ခဲ့ကြတာကြောင့် ခေတ်မမီတော့တဲ့ ယူကရိန်းစစ်တပ်အဖြစ် အဆင့်မြင့်တင်မယ်လို့ ယူကရိန်းဝန်ကြီးချုပ်က ပြောဆိုပါတယ်။ ပိုမို အင်အားကြီးတဲ့ ရုရှားတပ်တွေကို ပိုမို ခိုင်မာတဲ့ယုံကြည်ချက်၊ စိတ်ဓာတ်တွေနဲ့ အနိုင်ယူမယ်လို့ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ် ယူကရိန်းတောင်ပိုင်းက အိုဒစ်ဆာမြို့တိုက်ခိုက်မှုတွေနောက်ပိုင်း ယူကရိန်းအရှေ့ပိုင်းမှာ ယူကရိန်းစစ်တပ်က သိမ်းပိုက်ခံထားရတဲ့မြို့တွေကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ စစ်ဆင်ရေးတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ လာမဲ့ မေ ၁၁ ရက်နေ့မှာ ပြုလုပ်မယ့် ယူကရိန်းက ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲတွေကို မထောက်ခံ၊ အားမပေးကြောင်း ရုရှားသမ္မတပူတင်က မေ ၇ ရက်နေ့မှာ ပထမဆုံးပြောဆိုခဲ့ပြီး သမ္မတပူတင်ရဲ့ တောင်းဆိုမှုကို ယူကရိန်းခွဲထွက်ရေးတွေ နားထောင်လိမ့်မယ်လို့ ရုရှားနိုင်ငံရေး သုံးသပ်သူတွေက ဆိုပါတယ်။ ယူကရိန်းနယ်စပ်က ရုရှားတပ်တွေကို ပြန်ရုပ်သိမ်းနေပြီလို့ သမ္မတပူတင်က ဆိုပေမယ့် တပ်တွေ ပြန်ရုပ်သိမ်းတဲ့ အရိပ်အယောင်မတွေ့ဘူးလို့ နေတိုးတပ်ဖွဲ့ရော၊ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အိမ်ဖြူတော်တို့ကပါ ပြောဆိုကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up