မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေအတွက် စိုးရိမ်စရာ အကောင်းဆုံး အခက်အခဲနဲ့ စိန်ခေါ်မှုဟာ အကျင့်ပျက် ခြစားမှု ဖြစ်တယ်လို့ မေ ၆ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးချုပ် (ယူအမ်အက်ဖ်စီစီအိုင်) ရုံးခန်းမှာ ထုတ်ပြန်တဲ့ စစ်တမ်းတစောင်အရ သိရပါတယ်။
[caption id="attachment_56138" align="alignleft" width="300"] ဓာတ်ပုံ- ထွန်းထွန်းသိန်း[/caption]ဒီစစ်တမ်းကို ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (ယူအန်အီးအက်စ်စီအေပီ)၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံဖြိုးတိုးတက်မှုအဖွဲ့ (အိုအီးဒီစီ)၊ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်)တို့က ပြည်နယ်နဲ့ တိုင်း ၁၄ ခုက စီးပွားရေးလုပ်ငန်း ၃ ထောင်ကျော်ဆီ ကနေ ကောက်ခံထားပါတယ်။
ကုန်ကျစရိတ် ငွေကြေး အမေရိကန်ဒေါ်လာ ၁ သိန်း ရှိပြီး ၄ လတာ အချိန်ယူ ကောက်ယူ ထားတာ ဖြစ်ပါတယ်။
အကျင့်ပျက် ခြစားမှုပြီးရင် ဒုတိယအတားအဆီးဟာ ကျွမ်းကျင် လုပ်သား ခန့်ထားနိုင်မှု ဖြစ်ပြီး တတိယအတားအဆီးကတော့ နည်းပညာ ရရှိမှု ခက်ခဲတဲ့ အတားအဆီးဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့အကျင့်ပျက် ခြစားမှု အဆိုးရွားဆုံးအဆင့် ၁၈၂ ကို ရောက်နေတဲ့ နိုင်ငံ ၁ နိုင်ငံ ဖြစ်ပါတယ်။