Home
သတင်းတို
စွန့်စားခရီးသည်များ မြန်မာနိုင်ငံထဲ ပိုဝင်လာမည်
DVB
·
May 6, 2014
မြန်မာနိုင်ငံရဲ့ ခရီးသွားအစီအစဉ် ရောင်းချမှုတွေ ဖော်ပြနေတဲ့ activetravel.com ကုမ္ပဏီအနေနဲ့ active travel Myanmar ၀က်ဘ်ဆိုက်တခုကို  လွှင့်တင်လိုက်ပြီလို့ travel daily news သတင်းမှာ ဖော်ပြပါတယ်။

activetravel1အွန်လိုင်းကနေ ရှာဖွေ ခရီးသွားသူတွေ အနေနဲ့ နောက်ပိုင်း မြန်မာနိုင်ငံက စွန့်စားသွားရတဲ့ ခရီးစဉ်တွေကို ပိုပြီး ရွေးချယ်လာမှာ ဖြစ်တယ်လို့ ၀က်ဘ်ဆိုက် ကြီးကြပ်သူ ဘော်ဘီငုယင်က ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး မန္တလေးနဲ့ ပုဂံ ၈ ရက်ခရီးကို အမေရိကန်ဒေါ်လာ ၉၅၀၊ မြိတ်ကျွန်းစု ၆ ရက်ခရီးစဉ်ကို ယူရို ၁၈၀၀၊ ချင်းတွင်းနဲ့ ဧရာဝတီ အထက်ပိုင်း ခရီးစဉ် ၂၃ ရက်ကို အမေရိကန်ဒေါ်လာ ၇၇၀၀၊ ချင်းတွင်းနဲ့ ဧရာဝတီအောက်ပိုင်း ၁၇ ရက်ခရီးစဉ်ကို အမေရိကန်ဒေါ်လာ ၄၅၀၀ စသဖြင့် သတ်မှတ် ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို ၂၀၁၂ က နိုင်ငံခြားခရီးသည် ၁ သန်းကျော် ၀င်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ခရီးသည် ၂ သန်းကျော် ၀င်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ခရီးသည် ၃ သန်းကျော် ၀င်မယ်လို့ ခန့်မှန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024