Home
သတင်းတို
ကားသွင်းခွင့်ကနေ အခွန် ကျပ် ဘီလီယံ ၈၀၀ ကျော် ရရှိ
DVB
·
May 6, 2014
အစိုးရသစ်လက်ထက် ကားတင်သွင်းခွင့် ပေါ်လစီ ဖြေလျော့ပေးခဲ့ပြီးနောက် အကောက်ခွန် ဦးစီးဌာနဟာ စုစုပေါင်း အခွန် ကျပ်ငွေ ဘီလီယံ ၈၀၀ ကျော်ရခဲ့တယ်လို့ သတင်း ထုတ်ပြန်ပါတယ်။

Car Import From Thailand copy၂ နှစ်ခွဲအတွင်း တင်သွင်းခွင့်ပြုခဲ့တဲ့ ကားအစီးရေ ၂ သိန်း ၈ သောင်းကျော် ရှိတဲ့အတွက် ကားတစီးကို ပျမ်းမျှ အခွန် သိန်း ၃၀ ၀န်းကျင် ကောက်ခံခဲ့တဲ့ သဘော ဖြစ်ပါတယ်။ ဒီအထဲမှာ မော်တော်ယာဉ် မှတ်ပုံတင်ခ မပါသေးတဲ့အတွက် မော်တော်ယာဉ် မှတ်ပုံတင်ခပါ ပေါင်းရင် ကား ၁ စီးကို ကျပ်ငွေ သိန်း ၅၀ ကနေ ၆၀ အထက် အခွန်ယူခဲ့တဲ့ သဘော ဖြစ်ပါတယ်။

ဒီအတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ ကားဈေးတွေဟာ ၂ ဆ ကနေ ၅ ဆ အထက် မြင့်တက်နေပြီး လူ ၁ ထောင်မှာ ကားပိုင်ဆိုင်မှု ၈ စီးနှုန်းလောက်ပဲ ရှိ ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024