ဘန်ကောက်အဲယားဝေး နေပြည်တော်ခရီးစဉ် တိုးချဲ့ပျံသန်း
DVB
·
May 6, 2014
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ မြန်မာနိုင်ငံ နေပြည်တော်ကို ၁ ပတ် ၅ ကြိမ် ပျံသန်းနေတဲ့ ဘန်ကောက်အဲယားဝေးလေကြောင်းလိုင်းဟာ အထူးအစီအစဉ်တရပ်အနေနဲ့ မေ ၅ ရက်ကနေ ၃၀ ရက်အတွင်း ၁ ပတ်ကို ၇ ကြိမ် တိုးချဲ့ပျံသန်းမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီအစီအစဉ်မှာ မေ ၁၃ ရက်ကနေ ၃၀ ရက်နေ့အတွင်း ပီဂျီ ၇၂၁ လေယာဉ်က ဘန်ကောက်ကနေ ညနေ ၅ နာရီ ထွက်ခွာပြီး နေပြည်တော်ကို ည ၇ နာရီ ရောက်ရှိကာ ပီဂျီ ၇၂၂ လေယာဉ်ကတော့ နေပြည်တော်ကနေ ည ၈ နာရီ ၅ မိနစ်မှာ ထွက်ခွာပြီး ဘန်ကောက်ကို ည ၉ နာရီ ၅ မိနစ်မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။
မေ ၆ ရက်ကနေ ၁၂ ရက်နေ့တွေမှာတော့ ပီဂျီ ၇၂၁ လေယာဉ်ဟာ ဘန်ကောက်ကနေ ညနေ ၅ နာရီ ထွက်ခွာပြီး နေပြည်တော်ကို ည ၇ နာရီမှာ ရောက်ရှိကာ ပီဂျီ ၇၂၂ လေယာဉ်ကတော့ နေပြည်တော်ကနေ ညနေ ၆ နာရီ ၂၅ မိနစ်မှာ ထွက်ခွာပြီး ဘန်ကောက်ကို ည ၇ နာရီ ၃၅ မိနစ်မှာ ရောက်ရှိမယ်လို့ အဆိုပါလေကြောင်းလိုင်းက ကြေညာထားပါတယ်။