Home
မြန်မာသတင်း
နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် မွတ်စလင်ညီလာခံ ပြန်ကျင်းပမည်
ပိုင်စိုး
·
May 6, 2014
နှစ်ပေါင်း ၇၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် မွတ်စလင်ညီလာခံ ပြန်ကျင်းပမယ်လို့ ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ်ညီလာခံကျင်းပရေး ဗဟိုကော်မတီဝင်တွေက ပြောပါတယ်။ ပြည်ထောင်စုသားတွေရဲ့ တာဝန်ကို တန်းတူရည်တူ အပြည့်အ၀ ထမ်းဆောင်ခွင့်ရရှိဖို့၊ ပြည်ထောင်စုသားတွေရဲ့ အခွင့်အရေးကိုလည်း တန်းတူရည်တူရရှိဖို့ စတဲ့ ဦးတည်ချက်တွေနဲ့ ပြည်လုံးကျွတ် မွတ်စလင်ညီလာခံကို ဒီနှစ်အတွင်း ကျင်းပနိုင်အောင် ကြိုးစားသွားမယ်လို့ ကျင်းပရေးဗဟို ကော်မတီဝင်တွေက ပြောပါတယ်။ unnamedရန်ကုန်မြို့က တော်ဝင်နှင်းဆီ ခန်းမမှာ မနေ့က ပြုလုပ် တဲ့ ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံး ကျွတ်ညီလာခံ ကျင်းပရေးကော်မတီရဲ့ သတင်းစာရှင်းလင်း ပွဲမှာ ပြောကြား လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ၁၉၄၅ ခုနှစ် ပျဉ်မနားမြို့မှာ ပြုလုပ်ခဲ့တဲ့ ညီလာခံနောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်တဲ့ မွတ်စလင်တွေရဲ့ ပြည်လုံးကျွတ်ညီလာခံ ဖြစ်တယ်လို့ ကျင်းပရေး ဗဟိုကော်မတီ ဒုဥက္ကဋ္ဌ (၁) ဒေါက်တာမြင့်သိန်းက ပြောပါတယ်။ ဒီညီလာခံကို ပြုလုပ်တာဟာ တခြားတိုင်းရင်းသားတွေ ပြုလုပ်နေတဲ့ ညီလာခံတွေကို ယှဉ်ပြိုင်သလို မဖြစ်ပါဘူးလို့လည်း ဒေါက်တာမြင့်သိန်းက ဒီဗွီဘီကို ပြောပါတယ်။ နယ်အသီးသီးက အစ္စလာမ်ဘာသာဝင်တွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ဆန္ဒတွေ၊ မျှော်လင့်ချက်တွေနဲ့ နိုင်ငံတော်ကို အသိပေးချင်တာတွေကို ညီလာခံမှာ တင်ပြနိုင်ဖို့ အတွက် ကျင်းပတာလို့ ကျင်းပရေးဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးအုန်းမောင်က ပြောပါတယ်။ ကော်မတီအနေနဲ့ ညီလာခံကို ဘယ်နေရာမှာ ကျင်းပမယ်ဆိုတာ မဆွေးနွေးရသေးပေမယ့် လာမယ့် စက်တင်ဘာလအတွင်း ကျင်းပနိုင်ဖို့ ရည်ရွယ်ထားတယ် လို့လည်း သိရပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024