အိမ်မဲမြို့တွင် ဘိုးဘွားပိုင်မြေ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်မှာ ဘိုးဘွားပိုင်မြေ  မူလပိုင်ရှင်တွေ အမြန်ဆုံးပြန်အသုံးချနိုင်ရေး ဆန္ဒထုတ်ဖော်ပွဲတရပ်ကို ဒီနေ့မနက် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ပွဲကို အိမ်မဲမြို့မဈေးအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းကစတင်ပြီး  မြို့တပတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ပုဒ်မ ၁၈၈ အမြန်ဆုံးအကောင်အထည်ဖော်ရေး၊ ဘိုးဘွားပိုင်မြေများအမြန် ပြန်လည်အသုံးချခွင့်ရရှိရေးနဲ့ ဘိုးဘွားပိုင်မြေများပေါ်တွင် ကျူး ကျော်နေသူတွေကို အမြန်ဖယ်ရှားပေးရေး စတဲ့စာတန်းတွေနဲ့ စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ဒီမြေတွေကို ၁၉၉၂ ခုနှစ်က မြို့နယ် စည်ပင်သာယာလှပရေး ခေါင်းစဉ်နဲ့ ကမ်းနားလမ်းရှိ လူနေအိမ်တွေကို ဖျက်သိမ်း ပြောင်းရွှေ့ပေးခဲ့ရပြီး ကာလတန်ဖိုးအတိုင်း လျော်ကြေးမပေးခဲ့လို့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မူလပိုင်မြေတွေက ပြန်လည်တောင်းဆိုခဲ့ကြပါတယ်။

လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်ကလည်း သိမ်းဆည်းမြေတွေနဲ့ ပတ်သက်ပြီး လာရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ မြေယာကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်နဲ့ သုံးသပ်ချက်တွေအပေါ်  အမြန်အကောင်အထည်ဖော် ဆောင်ရွက်စေလိုတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်တာလို့ မြေပိုင်ရှင်တွေတွက ပြောပါတယ်။

ဆန္ဒထုတ်ဖော်သူတဦးက “ကျမတို့ကတော့ ကိုယ်မြေ ကိုယ်ပြန် တောင်းမှာပဲ။ မရမချင်း တောင်းနေမှာပဲ။ ကိုယ့်ဘိုးဘွားအမွေအနှစ်ကို မရရအောင် ပြန်ယူမှာပဲ။ မထူးခြားဘူးဆိုရင်တော့ ရှေ့ဆက်လုပ်ဖို့ အစီအစဉ်တွေ အများကြီး ရှိနေပါတယ်” လို့ ပြောပါတယ်။

သတင်းဓာတ်ပုံ - ဇင်လင်းထွေး (အိမ်မဲ)[gallery ids="56002,56003,56004,56005,56006,56007,56008,56009,56010,56011,56012,56013,56014,56015,56016,56017,56018,56019,56020,56021,56022"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up