ကမ္ဘောဇဘဏ် အခုနှစ်အတွက် အခွန် ၂၂ ဘီလီယံ ဆောင်

မြန်မာနိုင်ငံမှာ ထိပ်တန်းအခွန်ဆောင်သူ ၁၀ ဦးထဲလည်းပါပြီး သမ္မတ ဦးသိန်းစိန်ရဲ့ အထူးဂုဏ်ထူးဆောင်ဆုလည်း ရတဲ့ ကမ္ဘောဇဘဏ်လီမိတက်ဟာ အခု ၂၀၁၄-၁၅ ခုနှစ်အတွက် ကြိုတင်ခွန် ကျပ် ၂၂ ဘီလီယံ ပေးဆောင်ထားပြီး လာမယ့် ၂၀၁၅ - ၁၆ ခုနှစ်ကျရင် ကျပ်ငွေ ၂၈ ဘီလီယံအထိ တိုးတက်ပေးဆောင်ဖို့ လျာထားတယ်လို့ ဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ပြောပါတယ်။
နေပြည်တော်မှာ ကျင်းပတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံ့စွမ်းဆောင် ရည် ဆု ချီးမြှင့်ပွဲမှာ သူက ခုလို ပြော လိုက်တာ ဖြစ်ပါတယ်။
ကမ္ဘောဇဘဏ်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ - ၁၄ ခုနှစ်တုန်းကလည်း အခွန် ကျပ်ငွေ ၁၇ ဘီလီ ယံ ပေးဆောင် ထားပါသေးတယ်။