တောင်အာဖရိက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု ပြီးဆုံး

တောင်အာဖရိကမှာ ဒီ ၁ ပတ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေ ပြီးခဲ့တဲ့ မေ ၄ ရက်နေ့မှာ အဆုံးသတ်ပါတယ်။

ancအသားအရောင် ခွဲခြားတဲ့ခေတ်အလွန် တောင် အာဖရိကနိုင်ငံကို နှစ်ပေါင်း ၂၀ အုပ်ချုပ်လာတဲ့ အေအန်စီ ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ ယုံကြည်ချက် အပြည့်ရှိနေပါတယ်။

ကွယ်လွန်သူ နယ်ဆင်မန်ဒဲလားရဲ့ ပါတီဖြစ်တဲ့ အေအန်စီဟာ အသားအရောင် ခွဲခြားမှု စနစ်ကို ဆန့်ကျင်တဲ့ လွတ်မြောက်ရေးတိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ ဂုဏ်သိက္ခာ မြင့်မားတဲ့ သမိုင်းကြောင်း ရှိပါတယ်။

ဒါပေမယ့် အတိုက်အခံတွေကတော့ အေအန်စီဟာ နှစ်ပေါင်း ၂၀ ကြာ အာဏာရလာပြီးနောက်မှာ စိတ်ကြီးဝင်နေတယ်လို့ ဝေဖန်တာတွေလည်း ရှိပါတယ်။

မေ ၄ ရက်နေ့မှာ လက်ရှိ သမ္မတ ဂျက်ကော့ဇူးမားက အေအန်စီပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ တောင်အာဖရိကနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်လာတယ်လို့ ပြောပါတယ်။

“၁၉၉၄ ခုနှစ် မတိုင်ခင်ကထက် အခြေအနေတွေ တိုးတက်လာတယ်ဆိုတာကို ပြည်သူတွေ ပြောတာတွေကို ကြားရတယ်။ ဒါတွေဟာ အေအန်စီရဲ့ မူဝါဒတွေနဲ့ အစီအစဉ်တွေကို ကျေးဇူးတင်ရမှာပါပဲ။ တချိန်တည်းမှာ ပြည်သူတွေရဲ့ ဘ၀တွေကို လက်ရှိအခြေအနေထက် တိုးတက်လာအောင် ဆောင်ရွက်ဖို့ လိုအပ်တဲ့ အပိုင်းတွေကိုလည်း ပြောကြတာတွေ ရှိပါတယ်” လို့ ဆိုဝီတိုမြို့က ဘောလုံးကွင်းကြီးထဲမှာ ဇူးမားက အေအန်စီထောက်ခံသူတွေကို ပြောပါတယ်။

အကြိုစစ်တမ်းတခုအရ ဒီနှစ် ရွေးကောက်ပွဲမှာ အေအန်စီကို ထောက်ခံတဲ့ မဲအရေအတွက်ဟာ ၃ ပုံ ၂ ပုံအောက် လျော့ကျသွားမယ်လို့ ဆိုပါတယ်။

ဒီလို ဖြစ်လာရင် ၁၉၉၄ မှာ အာဏာရလာတဲ့ နောက်ပိုင်းမှာ ပထမဆုံး ထောက်ခံမှု လျော့ကျသွားတာ ဖြစ်လာပါလိမ့်မယ်။

လူထုထောက်ခံမှု ကျဆင်းသွားရတဲ့ အကြောင်းတွေထဲမှာ အေအန်စီကို အဓိက ထောက်ခံတဲ့ လူမည်းမဲဆန္ဒရှင်တွေကြားမှာ ပါတီရဲ့ အိုးအိမ်အခြေခံရေးစီမံကိန်းတွေ၊ အခြေခံ သန့်ရှင်းရေး အစီအစဉ်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်း အစီအစဉ်တွေအပေါ် အားမလိုအားမရ ဖြစ်နေတာကို ကြိုတင်စစ်တမ်းမှာ  ပြသနေပါတယ်။

သမ္မတ ဇူးမားက နောက်ထပ် ၅ နှစ်အတွက် အေအန်စီရဲ့ စီမံကိန်းကို ချပြပါတယ်။ ဆင်းရဲမှု တိုက်ဖျက်ရေး၊ ဆင်းရဲချမ်းသာ ကွာဟမှု ပပျောက်ရေး၊ အလုပ်လက်မဲ့ ပြဿနာ  ပပျောက်ရေး အစီအစဉ်တွေ ပါဝင်ပါတယ်။

ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ တိုးတက်လာရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ မြေယာ ပြုပြင်ပြောင်းလဲရေး၊ ရာဇ၀တ်မှု တိုက်ဖျက်ရေးကိစ္စတွေလည်း ပါဝင်ပါတယ်။

အကြိုစစ်တမ်းအရ မေ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီအေပါတီဟာ လက်ရှိ မဲ ၁၆ ဒဿ    မ ၇ ရာခိုင်နှုန်း ရထားရာကနေ ၂၃ ဒဿ    မ ၇ ရာခိုင်နှုန်းအထိ ရမယ်လို့ မျှော်လင့်ရပါတယ်။

အရင် အေအန်စီ လူငယ်ခေါင်းဆောင် ဂျူလီယက် မေးလ်မာ ခေါင်းဆောင်တဲ့ လက်ဝဲယိမ်း ပါတီ စီးပွားရေး လွတ်လပ်မှုအတွက်တိုက်ပွဲဝင်သူများ ပါတီက ၄ ဒဿ    မ ၇ ရာခိုင်နှုန်း ရမယ်လို့ မျှော်လင့်ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up