မြန်မာအလုပ်သမားများ ကားတိမ်းမှောက်၊ ၁၇ ဦး ဒဏ်ရာရ

ဓာတ်ပုံ - .manager.co.th
ထိုင်းနိုင်ငံမြောက်ပိုင်း နခွမ်ဆ၀မ်မြို့နယ်ထဲမှာ မဲဆောက်ကနေ စမွတ်စခွန်ကို သွားမယ့် မြန်မာအလုပ်သမားတွေ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး ၁၇ ဦး ဒဏ်ရာ အနည်းငယ်ရပြီး ၄ ဦး ဒဏ်ရာပြင်းထန်တယ်လို့  ထိုင်းရဲစခန်းတာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။ [caption id="attachment_55982" align="alignleft" width="300"]ဓာတ်ပုံ - .manager.co.th ဓာတ်ပုံ - .manager.co.th[/caption]

နခွမ်ဆ၀မ်ခရိုင် ကလုတ်ဖရမြို့နယ်ရဲစခန်း တာဝန်ရှိသူတဦးပြောပြချက် အရ မေ ၄ ရက် မနက် ၄ နာရီလောက်က မြို့နယ် ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ရုံးနားက ဖဟွန်ယိုးထင်း လမ်းမကြီင်္းပေါ်မှာ ယာဉ်မတော်တဆ ထိခိုက်မှုရှိကြောင်း သတင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးယာဉ်တွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ မှန်လုံ ကားအဖြူရောင် တိမ်းမှောက်တာ တွေ့ရပြီး လူပေါင်း ၁၇ ဦး ဒဏ်ရာရကာ ၄ ဦး ကတော့ ဒဏ်ရာ ပြင်းထန်တဲ့အတွက် ဆ၀မ်ပချားရတ်ဆေးရုံ တင်ထားရတယ်လို့ ပြောပါတယ်။

ယာဉ်မောင်းသူ အသက် ၂၅ နှစ်ရွယ် ထိုင်းအမျိုးသားရဲ့ ပြောပြချက်အရ သူတို့အားလုံးဟာ မြန်မာအလုပ်သမားတွေ ဖြစ်ပြီး စမွတ်စခွန်းခရိုင်ကို အလုပ်သွားလုပ်ဖို့ ဖြစ်ကာ အခင်း ဖြစ်ပွားရာနေရာအရောက် မှာ ရှေ့က ဖြတ်မောင်းတဲ့ ကားတစီးကို ရှောင်တိမ်းလိုက်တာကြောင့် အရှိန်နဲ့ လမ်းဘေးကို ထိုးကျပြီး တိမ်းမှောက်သွားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေအားလုံး တရားဝင်သက်သေအထောက်အထားတွေ ရှိကြတယ်လို့ ကလုတ်ဖရမြို့နယ်ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up