မြန်မာ့မီဒီယာလောကမှာ မတရားတဲ့ ဥပဒေတွေ ဖျက်သိမ်းရန်လို

မြန်မာ မီဒီယာလောကဟာ အရင်ကထက် ပိုပြီး လွတ်လပ်ခွင့် ရလာပေမယ့် မတရားတဲ့ ဥပဒေတွေ ခေတ်နဲ့မလျော်ညီတဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့လိုနေသေးတယ်လို့ မြန်မာ့ မီဒီယာ အဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ အရင်ကာလတွေနဲ့နှိုင်းယှဉ်ရင် မြန်မာမီဒီယာတွေ ပိုပြီးလွတ်လပ်ခွင့်ရလာပါတယ်။ journalမြန်မာနိုင်ငံ သတင်းစာဆရာအသင်းရဲ့ ဥက္ကဋ္ဌ ဦးကိုကိုက မြန်မာ့ မီဒီယာ လွတ်လပ်ခွင့် အခြေအနေကို အခုလို ပြောပါတယ်။ “အရင်တုန်းက ပိတ်ခဲ့တဲ့ဟာနဲ့ နှိုင်းယှဉ်ရင် လွတ်လပ်ခွင့်အထိုက်အလျောက်ရလာတယ်။ သို့သော် နိုင်ငံတကာစံနှုန်းတွေ နိုင်ငံတကာသတင်းလွတ်လပ်ခွင့် အနေအထားနဲ့ သွားမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဆောင်ရွက်ရမယ့် ကိစ္စတွေ အများကြီး ကျန်ပါသေးတယ်။ ” ဒါပေမယ့် သတင်းစာ ဆရာတွေအပေါ် ခြိမ်းခြောက်နေတဲ့ ဥပဒေတွေလည်း ရှိနေပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးကျော်မင်းဆွေက အခုလို ပြောပါတယ်။ “သတင်းမီဒီယာဥပဒေ မည်သို့ပင်ဆိုစေကာမူ သတင်းမီဒီယာဥပဒေထဲမှာ ပြဌာန်း ထားတာရဲ့ ဘောင်ကျော်သွားတဲ့ တည်ဆဲဥပဒေတခုခုနဲ့ ညှိတာနဲ့ တရားစွဲခံရမယ်။ တရားစွဲတယ်ဆိုတာလည်း အမြင်ကပ်ခံရရင်လည်း တရားစွဲခံရမယ်။ အဲဒါဟာ ဘယ်သူ့မှာ တာဝန်ရှိလဲပြောရင် ကနေ့ ကျနော်ပြောလိုက်မယ်၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတယ်လို့ ကိုယ့်ကိုယ်ကို အမည်နာမည်တပ်ထားတဲ့ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များနဲ့ ဖွဲ့ထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တာဝန်ရှိတယ်။ တိုင်းဒေသကြီး လွှတ်တော်မှာ တာဝန်ရှိတယ်။” လွှတ်တော်တွေအနေနဲ့ မတရားတဲ့၊ ခေတ်နဲ့မလျော်ညီတဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့လိုတယ် လို့လည်း ဦးကျော်မင်းဆွေက ပြောပါတယ်။ မီဒီယာဥပဒေကို မကြာသေးခင်က သမ္မတက လက်မှတ်ရေးထိုးအတည်ပြုပြီးခဲ့ပေမယ့် နည်းဥပဒေတွေ ပေါ်ထွက်လာပြီးနောက်ပိုင်း စာနယ်ဇင်းကောင်စီတရပ် ဖြစ်ပေါ် လာပြီးမှသာ အလုပ်လုပ်လို့ရနိုင်မယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up