တရုတ်နိုင်ငံတွင် ဆောက်လက်စ တံတားပြိုကျ၊ လူ ၁၁ ဦး သေဆုံး

တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကောင်းကျိုးမြို့ပြင်က တစိတ်တပိုင်းပဲ ဆောက်လက်စ တံတားခုံးတခု မေလ ၃ ရက်နေ့က ပြိုကျခဲ့လို့လူ ၁၁ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရပါတယ်။ China၅ ယောက်က ပွဲချင်းပြီး သေဆုံးတာ ဖြစ်ပြီး တခြား ၆ ယောက်ကတော့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ သေဆုံးတာလို့ လက်ခံကုသပေးတဲ့ ဒေသခံဆေးရုံက ဆိုပါတယ်။ ဒဏ်ရာရသူ ၁၅ ယောက်ထဲက ၈ ယောက်ကတော့ အခြေအနေ စိုးရိမ်ရတယ်လို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။ သေဆုံးသူတွေကတော့ ပြိုကျချိန်မှာ တံတားပေါ်မှာ ရှိနေတဲ့ ဆောက်လုပ်ရေး လုပ်သားတွေဖြစ်ပါတယ်။ ဒီတံတားဆောက်ဖို့ ခွင့်ပြုချက် မကျသေးဘဲ ရွာကောင်စီက ခွင့်ပြုချက်မရှိဘဲ ဆောက်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီတံတားဟာ လမ်းကွေ့နဲ့နီးပြီး အနားမှာလည်း တခြားမြစ်ကူးတံတားတစင်း ရှိပြီးသားပါ။ တံတားအရှည် ပေ ၆၀ လောက် ပြိုကျခဲ့လို့ အပျက်အစီးတွေက မြစ်ကြမ်းပြင်မှာ ပြန့်ကျဲနေပြီး မြစ်ကြောင်း ပိတ်ဆို့ကုန်တယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ တံတားပြိုကျရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲလို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up