အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် မြေပြိုမှုကြောင့် လူ ၂၁၀၀ သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း တောင်ထူတဲ့ ဒေသမှာ မြေပြိုမှုကြောင့် မေလ ၃ရက်နေ့ အထိ လူ အနည်းဆုံး ၂၁၀၀ လောက် သေဆုံးခဲ့ပါတယ်။ Afaganistanကယ်ဆယ်ရေးသမားတွေကတော့ ရှင်သန်ကျန်ရစ်သူတွေကို ရှာဖွေရေးအစီအစဉ်ကို လက်လျှော့ပြီး အိုးအိမ်ဆုံးရှုံးသူ အယောက် ၄၀၀၀ ကို ကူညီရေးအတွက် အာရုံစိုက်နေကြပါပြီ။ တာဂျစ်ကစ္စတန်နိုင်ငံနဲ့ နယ်စပ်က ဘာဒက်ရှန်ခရိုင်အတွင်း တောင်စောင်းဒေသတွေက စိတ်မချရသေးလို့ ထပ်ပြီးမြေပြိုမှာကို အရာရှိတွေက စိုးရိမ်နေတာပါ။ ကပ်ဘေးသင့်ဒေသကို ထပ်ရောက်လာတဲ့ အိမ်ခြေမဲ့တွေ ကုလသမဂ္ဂနဲ့ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ဘေးကင်းရေးအတွက် စိုးရိမ်နေတာ ဖြစ်ပါတယ်။ ရွှံ့မြေတွေက ပေ ၃၀၀ လောက်ထိ ထူအောင် ပြိုကျပိနေခဲ့တာမို့ ရှင်သန်သူ ရှာတွေ့ဖို့ မျှော်လင့်ချက် နည်းနည်းပဲ ရှိတယ်လို့ ဆိုပါတယ်။ မေလ ၂ ရက်နေ့က မိုးကြီးပြီး အဘ်ဘာရတ်ဒေသရဲ့ အပေါ်က တောင်ပြိုကျခဲ့လို့ ရာနဲ့ချီတဲ့ အိမ်တွေ ပျက်စီးခဲ့တာပါ။ အနည်းဆုံး လူအယောက် ၁၀၀ လောက် ဒဏ်ရာရခဲ့ပြီး သူတို့ကို ခိုင်ခံ့တဲ့ အဆောက်အဦ တွေထဲမှာ ဆေးဝါး ကုသပေးထားပါတယ်။ ဒီဒေသဟာ သောင်းကျန်းသူ တိုက်ခိုက်မှုတွေ မရှိသလောက်ဖြစ်ပေမယ့် ရဲတွေကတော့ ဒေသတွင်း လုံခြုံရေး ယူပေးထားပါတယ်။ တာလီဘန်တွေကလည် ကပ်ဘေးသင့်တွေအတွက် လုံခြုံရေး စီစဉ်ပေးဖို့ ဆန္ဒရှိတယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up