နိုင်ဂျီးရီးယားတွင် ကားဗုံးကွဲ၊ ၁၅ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် ဘာဘူဂျာမြို့စွန်မှာ မနေ့က ကားဗုံးတလုံးပေါက်ကွဲခဲ့လို့ လူအနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပါတယ်။ Nigirainအခုပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ဧပြီ ၁၄ ရက်နေ့က လူအနည်းဆုံး ၇၅ ဦး သေဆုံးခဲ့တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာအနီးမှာလို့ ဆိုပါတယ်။ ဧပြီ ၁၄ ရက်နေ့ ဗုံးခွဲမှုကိုတော့ မွတ်စလင်အစွန်းရောက် ဘိုကိုဟာရမ်အဖွဲ့က သူတို့လက်ချက်လို့ ပြောဆိုခဲ့ပြီး နောက်ထပ်ဖောက်ခွဲမှုတွေ လုပ်ဦးမယ်လို့လည်း ဆိုပါတယ်။ အခု ဖောက်ခွဲမှုကိုတော့ ၀ာာဝန်ခံသူ မရှိသေးပါဘူး။ အာဖရိကတိုက်ရဲ့ ရေနံထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံမှာ မွတ်စလင်အကြမ်းဖက် ဘိုကိုဟာရမ်အဖွဲ့ဟာ ခွဲထွက်ဖို့ သမ္မတရဲ့အစိုးရကို တိုက်ခိုက်နေကြပါတယ်။ လာမယ့် မေ ၇ ရက်ကနေ ၉ ရက်အထိ ကမ္ဘာ့စီးပွားရေးဖိုရမ် (အာဖရိက)ကို အဘူဂျာမြို့တော်မှာပဲ ကျင်းပဖို့ ရှိတာကြောင့် အခု နောက်ဆုံးတိုက်ခိုက်မှုဟာ နိုင်ဂျီးရီးယားအစိုးရအတွက် ခေါင်းခဲစရာဖြစ်နေတယ်လို့ ဆိုကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up