မက္ကဆီကိုနိုင်ငံ မြည်းဂုဏ်ပြုပွဲ

မေ ၁ ရက်နေ့ ကမ္ဘာတ၀န်း ကမ္ဘာ့အလုပ်သမားနေ့ကို ပုံစံအမျိုးမျိုးနဲ့ ကျင်းပနေတဲ့အချိန်မှာ မက္ကဆီကိုနိုင်ငံက ရှေးဟောင်းမြို့တမြို့ဖြစ်တဲ့ မြို့မှာ နှစ်စဉ်ကျင်းပတဲ့ မြည်းဂုဏ်ပြုပွဲနေ့ကို ကျင်းပခဲ့ကြပါတယ်။ Mexicanဒေသထွက် ပူဂေအရက် ထုတ်လုပ်တာမှာ မြည်းတွေက နှစ်ပေါင်းများစွာ အသုံးတော်ခံခဲ့လို့ ဂုဏ်ပြုတာလို့ ဆိုပါတယ်။ မြည်းတွေကို ပုံစံအမျိုးမျိုး ၀တ်ပေးပြီး ပွဲထုတ်ပြသခဲ့တာမှာ မြည်းပွဲလာရောက်သူတွေနဲ့ စည်းကားခဲ့ပါတယ်။ မြည်းတွေကို အ၀တ်အစားအမျိုးမျိုး ၀တ်ပေးပြီး မြည်းအလှပြပွဲနဲ့ အရင်ဆုံးစပါတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ မက္ကဆီကိုနိုင်ငံမှာ လူသိများပြီး ဒီပွဲကို နေရာဒေသအသီးသီးက လာရောက်ကြပြီး မြည်းပိုလိုပွဲတို့နဲ့ အလှမယ်တဦးကိုလည်း ရွေးချယ်ခဲ့ပါတယ်။ “ဒီပွဲဟာ မက္ကဆီကိုနိုင်ငံမှာတော့ လူသိများပါတယ်။ ကျမတို့နေတဲ့နေရာက ဒီနေရာနဲ့ သိပ်မဝေးတော့ နှစ်တိုင်းရောက်ဖြစ်ပါတယ်။ တနိုင်ငံလုံးကတော့ ဒီနေရာကို မြည်းဒေသလို့ သိကြပါတယ်” လို့ ပွဲလာရောက်သူတဦးက ပြောပါတယ်။ မက္ကဆီကိုနိုင်ငံက အိုတွန်းဘာမြို့ခံတွေဟာ မြည်းတွေရဲ့လုပ်အားကို အလွန်အမင်း အားကိုးရတာကြောင့် ဒီလိုဂုဏ်ပြုပွဲမျိုး ၁ နှစ်မှာ ၁ ရက်ကျင်းပကြမယ်ဆိုပြီး ကျင်းပလာခဲ့တာ နှစ် ၆၀ လောက်ရှိပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up