တောင်ငူမီး နေအိမ် ၁၀ လုံးခန့် လောင်ကျွမ်း (ဓာတ်ပုံ)



949
တောင်ငူမြို့ ၁၁ ရပ်ကွက် မြကျွန်းသာ ၂ လမ်းရှိ ဦးကိုကိုနိုင် ခေါ် ဦးပေါလ်ရဲ့ သွပ်မိုးနှစ်ထပ်ပျဉ်ထောင်နေအိမ်ကနေ နေ့လယ် ၁ နာရီ မိနစ် ၃၀ အချိန် စတင်လောင်ကျွမ်းတဲ့ မီးကြောင့် အနီးရှိ နေအိမ် ၁၀ လုံးနီးပါးနဲ့ အောင်ဇဗ္ဘူဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဓမ္မ-school စာသင်ဆောင်တို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး ၁ နာရီ ၄၅ မိနစ်အချိန်တွင်း မီးညွန့်ကျိုးခဲ့ပါတယ်။ အခုအချိန်ထိ မီးကြွင်းမီးကျန်တွေကို ဆက်လက်ငြိမ်းသတ်နေပါတယ်။
သတင်းဓာတ်ပုံ - သားကြီး(တောင်ငူ)
[gallery ids="55819,55820,55821"]