Home
မြန်မာသတင်း
ဘူးသီးတောင်၌ တိုက်ပွဲပြင်းထန်၊ တက္ကသိုလ်ကျောင်းသားများစီးလာသည့် မော်တော် ၆ စီး ပိတ်မိနေ
DVB
·
October 5, 2022

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂူဒါပြင်ကျေးရွာအုပ်စု တောင်ရွာအနီး အခြေချနေထိုင်နေတဲ့ စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် (အေအေ) က အောက်တိုဘာ ၅ ရက် မနက် ၉ နာရီလောက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ဂူဒါပြင်ကျေးရွာမှာ တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ ဂူဒါပြင်ကျေးရွာမှာ ပထမအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးကတည်းက စစ်တပ်က ဂူဒါပြင်တောင်ရွာက ၂၀၁၇ ခုနှစ်မှာ မီးလောင်သွားတဲ့ မီးလောင်ပြင်အနီးမှာ တပ်စွဲထားတာ။ ဒီနေ့မနက် ၉ နာရီလောက်မှာ အေအေက ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ကြတယ်။ အသေအပျောက်ကတော့ ကျနော်တို့လည်း မသိဘူး။ အိမ်ထဲက ဗုံးကျင်းထဲမှာပဲ နေနေရတာ။”

တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် ဘူးသီးတောင်-ညောင်ချောင်သွားလမ်းရှိ နခခ-၈ က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဂူတာပြင်ကျေးရွာက နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဂူဒါပြင်ဒေသခံတွေက ပြောပါတယ်။

“နေအိမ်တွေ ပျက်စီးတာတော့ရှိတယ်။ ဘယ်လောက်ပျက်စီးတယ်ဆိုတာ မသိနိုင်ဘူး။ အဲ့ဒီနေရာတွေကို သွားမရသေးဘူး၊ တိုက်ပွဲက ပစ်နေကြတုန်းပါ။”

စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် အဲဒီဒေသအနီးရှိ သပိတိတောင်၊ ဂူဒါပြင်၊ ကျောက်စာတိုင်၊ ငပျော့ချောင်း စတဲ့ကျေးရွာတွေက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေခဲ့ကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တွေ အဝေးသင်တက္ကသိုလ်မှာ စာမေးဖြေဆိုပြီး အိမ်ပြန်လာကြတဲ့ မောင်တောနဲ့ ဘူးသီးတောင်က အဝေးသင်တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေ လိုက်ပါလာတဲ့ မော်တော်ဘုတ် ၆ စီးဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရှေ့ဆက်မသွားရဲဘဲ ရသေ့တောင်မြို့နယ် စဖိုကျွန်းမှာ ပိတ်မိနေကြတယ်လို့ ကျောင်းသူ ကျောင်းသားတွေက ပြောပါတယ်။

ကျောင်းသားတယောက်က “ကျနော်တို့ မနက် ၁၁ နာရီကျော်လောက်ကတည်းက ဒီကျွန်းမှာ ပိတ်မိနေကြတာ။ မော်တော်ဘုတ် ၆ စီးရှိတယ်။ ကျနော်တို့ မွတ်ဆလင် ကျောင်းသူ ကျောင်းသားတွေလည်း ပါတယ်၊ ရခိုင်ကျောင်းသူ ကျောင်းသားတွေလည်း ပါကြတယ်။ အဝေးကို လှမ်းမြင်နေရတယ်၊ လေယာဥ်နဲ့ ဗုံးချနေတာတွေကို။ ဘုတ်သမားကတော့ မစိုးရိမ်ဖို့ပြောတယ်။ ပစ်ခတ်မှုငြိမ်တာနဲ့ ဆက်သွားမယ်လို့ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ အလွန်ကြောက်နေကြတယ်။ လက်နက်ကြီးတွေ မကျလာဘူးလို့ ပြောမရဘူးလေ” လို့ ပြောပါတယ်။

အောင်တိုဘာ ၅ ရက် မနက် ၅ နာရီကတည်းက ရစိုးချောင်းဗျူဟာကနေ ကျောင်ရံသာစည်ရွာအနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မနက် ၉ နာရီမှာတော့ ဂျက်တိုက်လေယာဥ်တစီးနဲ့ ရသေ့တောင်မြို့နယ် ညောင်ပင်လှ၊ ပြိန်းတောနဲ့ ဘူးသီးတောင်မြို့နယ် ငလန်းပြင်ကျေးရွာတွေအနီး ဗုံးကြဲချနေတာလည်း ဖြစ်ပါတယ်။

ရသေ့တောင်နဲ့ ဘူးသီးတောင် နယ်တလျှောက် လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတာကြောင့် စစ်တွေကနေ ကျောင်းသူ ကျောင်းသားတွေကို တင်ပြီးထွက်လာတဲ့ မော်တော်ဘုတ် ၆ စီး ရှေ့မသွားရဲကြတော့ဘဲ ဇမ္ဗူကျွန်းမှာ ပိတ်မိနေကြတာလည်း ဖြစ်ပါတယ်။

စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူကတော့ သူတို့အနေနဲ့ သက်ဆိုင်ရာကို မတင်ပြရသေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့အားလုံး အဆင်သင့်လုပ်ထားကြတယ်။ တင်ပြဖို့အတွက်ကျတော့ မပြုလုပ်ရသေးဘူး။ မကြာမီ တင်ပြသွားမှာပါ။”

စာမေးပွဲဖြေဆိုပြီးကြတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ စစ်ကောင်စီက ခွင့်ပြုလာမယ့်ရက်ကို စောင့်ဆိုင်းနိုင်ဖို့ ငွေကြေးမတတ်နိုင်ကြတဲ့အတွက် စစ်တွေ အမြင့်ကျွန်းမှတဆင့် ဘူးသီးတောင်ကို မော်တော်ဘုတ်ငှားပြီး အိမ်ပြန်လာကြတာလည်း ဖြစ်ပါတယ်။

မောင်တော-အငူမော်လမ်းမှာလည်း တိုက်ပွဲတွေကြောင့် သြဂုတ် ၁၄ ရက်ကစပြီး စစ်ကောင်စီက အဲဒီလမ်းကို အကန့်အသတ်မရှိ ပိတ်ထားခဲ့ပြီး စက်တင်ဘာ ၁၅ ရက်မှာတော့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ရွှေပြည်တန် အမြန်ရေယာဉ်နဲ့ ပြည်တွင်းသင်္ဘောတွေ ဘူးသီးတောင်-ရသေ့တောင်မြို့တွေကို ပြေးဆွဲတာ အကန့်သတ်မရှိ ရပ်တန့်ထားတဲ့အတွက် စာမေးပွဲဖြေဆိုပြီးကြတဲ့ ကျောင်းသူ ကျောင်းသားတွေ အခက်တွေ့နေကြရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကလည်း တိုက်ပွဲကြောင့် ဂူဒါပြင်​ကျေးရွာ အနောက်ဘက် မေယုတောင်ခြေအနီးရှိ ကျောက်စာတိုင်ကျေးရွာက ဒေသခံ ၂၀၀ လောက် လက်ရှိအချိန်အထိ ပိတ်မိနေကြဆဲဖြစ်ပြီး သပိတ်တောင်ကျေးရွာက ဒေသခံ ၆ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားခဲ့တာ ဒီနေ့အထိ ပြန်လွှတ်မပေးသေးပါဘူး။

ရက္ခိုင့်တပ်တော်ကတော့ ဘူးသီးတောင်မြို့နယ် တခုတည်းမှာ ဒေသခံစစ်ဘေးရှောင် ၄,၅၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း အောက်တိုဘာ ၅ ရက် ဒီနေ့မနက်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေ အဝေးသင်တက္ကသိုလ်မှာ စာမေးဖြေဆိုပြီး အိမ်ပြန်လာကြတဲ့ မောင်တောနဲ့ ဘူးသီးတောင်က အဝေးသင်တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေ လိုက်ပါလာတဲ့ မော်တော်ဘုတ် ၆ စီးဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရှေ့ဆက်မသွားရဲဘဲ ရသေ့တောင်မြို့နယ် စဖိုကျွန်းမှာ ပိတ်မိနေကြတယ်လို့ ကျောင်းသူ ကျောင်းသားတွေက ပြောပါတယ်။

ကျောင်းသားတယောက်က “ကျနော်တို့ မနက် ၁၁ နာရီကျော်လောက်ကတည်းက ဒီကျွန်းမှာ ပိတ်မိနေကြတာ။ မော်တော်ဘုတ် ၆ စီးရှိတယ်။ ကျနော်တို့ မွတ်ဆလင် ကျောင်းသူ ကျောင်းသားတွေလည်း ပါတယ်၊ ရခိုင်ကျောင်းသူ ကျောင်းသားတွေလည်း ပါကြတယ်။ အဝေးကို လှမ်းမြင်နေရတယ်၊ လေယာဥ်နဲ့ ဗုံးချနေတာတွေကို။ ဘုတ်သမားကတော့ မစိုးရိမ်ဖို့ပြောတယ်။ ပစ်ခတ်မှုငြိမ်တာနဲ့ ဆက်သွားမယ်လို့ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ အလွန်ကြောက်နေကြတယ်။ လက်နက်ကြီးတွေ မကျလာဘူးလို့ ပြောမရဘူးလေ” လို့ ပြောပါတယ်။

အောင်တိုဘာ ၅ ရက် မနက် ၅ နာရီကတည်းက ရစိုးချောင်းဗျူဟာကနေ ကျောင်ရံသာစည်ရွာအနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မနက် ၉ နာရီမှာတော့ ဂျက်တိုက်လေယာဥ်တစီးနဲ့ ရသေ့တောင်မြို့နယ် ညောင်ပင်လှ၊ ပြိန်းတောနဲ့ ဘူးသီးတောင်မြို့နယ် ငလန်းပြင်ကျေးရွာတွေအနီး ဗုံးကြဲချနေတာလည်း ဖြစ်ပါတယ်။

ရသေ့တောင်နဲ့ ဘူးသီးတောင် နယ်တလျှောက် လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတာကြောင့် စစ်တွေကနေ ကျောင်းသူ ကျောင်းသားတွေကို တင်ပြီးထွက်လာတဲ့ မော်တော်ဘုတ် ၆ စီး ရှေ့မသွားရဲကြတော့ဘဲ ဇမ္ဗူကျွန်းမှာ ပိတ်မိနေကြတာလည်း ဖြစ်ပါတယ်။

စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူကတော့ သူတို့အနေနဲ့ သက်ဆိုင်ရာကို မတင်ပြရသေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့အားလုံး အဆင်သင့်လုပ်ထားကြတယ်။ တင်ပြဖို့အတွက်ကျတော့ မပြုလုပ်ရသေးဘူး။ မကြာမီ တင်ပြသွားမှာပါ။”

စာမေးပွဲဖြေဆိုပြီးကြတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ စစ်ကောင်စီက ခွင့်ပြုလာမယ့်ရက်ကို စောင့်ဆိုင်းနိုင်ဖို့ ငွေကြေးမတတ်နိုင်ကြတဲ့အတွက် စစ်တွေ အမြင့်ကျွန်းမှတဆင့် ဘူးသီးတောင်ကို မော်တော်ဘုတ်ငှားပြီး အိမ်ပြန်လာကြတာလည်း ဖြစ်ပါတယ်။

မောင်တော-အငူမော်လမ်းမှာလည်း တိုက်ပွဲတွေကြောင့် သြဂုတ် ၁၄ ရက်ကစပြီး စစ်ကောင်စီက အဲဒီလမ်းကို အကန့်အသတ်မရှိ ပိတ်ထားခဲ့ပြီး စက်တင်ဘာ ၁၅ ရက်မှာတော့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ရွှေပြည်တန် အမြန်ရေယာဉ်နဲ့ ပြည်တွင်းသင်္ဘောတွေ ဘူးသီးတောင်-ရသေ့တောင်မြို့တွေကို ပြေးဆွဲတာ အကန့်သတ်မရှိ ရပ်တန့်ထားတဲ့အတွက် စာမေးပွဲဖြေဆိုပြီးကြတဲ့ ကျောင်းသူ ကျောင်းသားတွေ အခက်တွေ့နေကြရတာလည်း ဖြစ်ပါတယ်။

ဘူးသီးတောင်မြို့နယ် ဂူဒါပြင်ကျေးရွာအုပ်စု တောင်ရွာအနီး အခြေချနေထိုင်နေတဲ့ စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် (အေအေ) က အောက်တိုဘာ ၅ ရက် မနက် ၉ နာရီလောက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ဂူဒါပြင်ကျေးရွာမှာ တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ ဂူဒါပြင်ကျေးရွာမှာ ပထမအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးကတည်းက စစ်တပ်က ဂူဒါပြင်တောင်ရွာက ၂၀၁၇ ခုနှစ်မှာ မီးလောင်သွားတဲ့ မီးလောင်ပြင်အနီးမှာ တပ်စွဲထားတာ။ ဒီနေ့မနက် ၉ နာရီလောက်မှာ အေအေက ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ကြတယ်။ အသေအပျောက်ကတော့ ကျနော်တို့လည်း မသိဘူး။ အိမ်ထဲက ဗုံးကျင်းထဲမှာပဲ နေနေရတာ။”

တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် ဘူးသီးတောင်-ညောင်ချောင်သွားလမ်းရှိ နခခ-၈ က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဂူတာပြင်ကျေးရွာက နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဂူဒါပြင်ဒေသခံတွေက ပြောပါတယ်။

“နေအိမ်တွေ ပျက်စီးတာတော့ရှိတယ်။ ဘယ်လောက်ပျက်စီးတယ်ဆိုတာ မသိနိုင်ဘူး။ အဲ့ဒီနေရာတွေကို သွားမရသေးဘူး၊ တိုက်ပွဲက ပစ်နေကြတုန်းပါ။”

စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် အဲဒီဒေသအနီးရှိ သပိတိတောင်၊ ဂူဒါပြင်၊ ကျောက်စာတိုင်၊ ငပျော့ချောင်း စတဲ့ကျေးရွာတွေက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေခဲ့ကြရတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကလည်း တိုက်ပွဲကြောင့် ဂူဒါပြင်​ကျေးရွာ အနောက်ဘက် မေယုတောင်ခြေအနီးရှိ ကျောက်စာတိုင်ကျေးရွာက ဒေသခံ ၂၀၀ လောက် လက်ရှိအချိန်အထိ ပိတ်မိနေကြဆဲဖြစ်ပြီး သပိတ်တောင်ကျေးရွာက ဒေသခံ ၆ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားခဲ့တာ ဒီနေ့အထိ ပြန်လွှတ်မပေးသေးပါဘူး။

ရက္ခိုင့်တပ်တော်ကတော့ ဘူးသီးတောင်မြို့နယ် တခုတည်းမှာ ဒေသခံစစ်ဘေးရှောင် ၄,၅၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း အောက်တိုဘာ ၅ ရက် ဒီနေ့မနက်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024