အမေရိကန်နိုင်ငံ ဗီလိုနီယာမြို့တွင် လေဆင်နှာမောင်း တိုက်ခံရသည့် အပျက်အစီး စတင်ရှင်းလင်း

အမေရိကန်နိုင်ငံ အာကန်းဆတ်ပြည်နယ် ဗီလိုနီယာမြို့မှာ လေဆင်နှာမောင်း တိုက်ခံရလို့ ကျန်ခဲ့တဲ့ အပျက်အစီးတွေကို မေလ ၁ ရက်နေ့က ရှင်းလင်းနေပါတယ်။ ရှင်သန်ကျန်ရစ်သူတွေကို ရှာနေတဲ့ ဒေသခံ အာဏာပိုင်တွေက ခွင့်ပြုအပြီး အခုလို ရှင်းလင်းတာ ဖြစ်ပါတယ်။ အားပြင်းတဲ့ လေဆင်နှာမောင်းကြောင့် ဗီလိုနီယာမြို့မှာ လူ ၉ ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ USA Clean up operationsလေဆင်နှာမောင်းသွားရာ လမ်းတလျှောက် အိမ်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ပျက်စီးခဲ့ပါတယ်။ အမေရိကန်တောင်ပိုင်းတလွှား ၂ ရက်အတွင်း လေဆင်နှာမောင်းတွေ တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၁ ယောက် သေဆုံးခဲ့တာပါ။ မစ်စ္စစ္စပီနဲ့ အလာဘားမား ပြည်နယ် ၂ ခုလုံးမှာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ ညနေက မုန်တိုင်းတွေကြောင့် အကြီးအကျယ် ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ လေဆင်နှာမောင်းဒဏ်ကို အဆိုးဆုံးခံခဲ့ရတဲ့ ဗီလိုနီးယားမြို့မှာတော့ အာကင်ဆောပြည်နယ်သာမက အနားက ပြည်နယ်တွေကပါ ရှင်းလင်းရေးလုပ်ငန်းတွေကို လာရောက် ကူညီနေရပါတယ်။ ဧပြီ ၂၈ ရက်နေ့က လေဆင်နှာမောင်းကြောင့် မစ္စစ္စပီပြည်နယ်က တူပေလိုမြို့မှာ ရာနဲ့ချီတဲ့ အိုးအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပျက်စီးတယ်လို့ အမျိုးသား မိုးလေ၀သ ၀န်ဆောင်မှုအဖွဲ့က ဆိုပါတယ်။ တချို့ လူနေအိမ်ခြေဒေသတွေကို ပိတ်ထားပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်မှုနဲ့ အိမ်သုံးဓာတ်ငွေ့အိုး ယိုစိမ့်မှုတွေ ရှိ၊ မရှိ စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးပြီးချိန်မှာမှ ဒေသခံ အာဏာပိုင်တွေက အပျက်အစီးတွေကို ရှင်းလင်းခွင့် ပေးခဲ့တာပါ။

//
More News
Up