ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ အောက်တိုဘာ ၁ ရက် မနက်ပိုင်းက ရွက်မညှိုးတောင်နဲ့ ဒေဝန်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် နွား ၂ ကောင် သေဆုံးခဲ့ပြီး နေအိမ်ခေါင်မိုးတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၁ ရက် မနက် ၈ နာရီကျော်လောက်မှာ ကျောက်တော်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တာကြောင့် ရွက်မညိုးတောင်ရွာမှာ လက်နက်ကြီး ကျည်ကျပြီး နွားတကောင် ထိမှန်သေဆုံးခဲ့သလို ဦးစိုးအောင်ဖြူရဲ့ နေအိမ်ခေါ်မိုးနဲ့ ဒေါ်ဦးနုယဥ်ရဲ့နေအိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ဒေဝန်းရွာဘက်မှာလည်း နွားတကောင် သေဆုံးခဲ့သလို နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့ သြဂုတ်ကစပြီး တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်း မြို့အများအပြားမှာ စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးတာ၊ ပရဟိတသမားတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေပြီး လက်နက်ကိုင် ၂ ဖွဲ့လုံးက ခရီးသည်တင်နဲ့ ကုန်တင်ယာဥ်တွေ သွားခွင့်မပေးတာနဲ့ ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ထားပါတယ်။