နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နယ်မြေတွင် မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်

ဓာတ်ပုံ - ရိုက်တာ
နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်နဲ့ မြောက်ကိုးရီးယားနယ်စပ်က ရွမ်ဖုန်ကျွန်းနဲ့ ဖျင်ယုံကျွန်းနားမှာ မြောက်ကိုရီးယားနိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ ဒီနေ့ ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ အခုလို လက်တွေ့ ပစ်ခတ်ခြင်းနဲ့ လေ့ကျင့်မှုတွေ မပြုလုပ်ခင် တောင်ကိုရီးယားကို အသိပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ [caption id="attachment_55700" align="alignleft" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ကင်မင်ဆွတ် (Kim Min-Seok) က တောင်ကိုရီးယားတပ်တွေကိုလည်း အဆင့်သင့် ပြင်ထားပြီး တောင်ကိုရီးယား ငါးဖမ်းစက်လှေတွေကိုလည်း အဲ့ဒီနေရာက ထွက်ခွာဖို့ ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားအမြောက်ကျည်တွေ တောင်ကိုရီးယားနယ်နိမိတ်ထဲကို ကျရောက်လာရင်တော့ အပြင်းအထန် တုံ့ပြန်မယ်လို့ တောင်ကိုရီးယားပြောခွင့်ရက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လကုန်ကလည်း မြောက်ကိုရီးယားနိုင်ငံက အခုလိုပဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး အမြောက်ကျည် ၁၀၀ ကျော်ဟာ တောင်ကိုရီးယားနိုင်ငံထဲကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံကလည်း အမြောက်ကျည် ၁၀၀ ကျော် တုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်က ရွမ်ဖုန်ကျွန်းပေါ် မြောက်ကိုရီးယားက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး နောက်ပိုင်း နယ်စပ်ကျွန်းတွေမှာ တောင်ကိုရီးယားတပ်တွေကို အင်အားတိုးမြှင့်ချထားခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up