Home
မြန်မာသတင်း
ဧပြီ ၃၀ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
April 29, 2014
ဧပြီလ ၂၉ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။ မြန်မာနိုင်ငံပေါ်မှာကတော့ အရှေ့ပိုင်း၊ မြောက်ပိုင်း နဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်အနည်းငယ်ဖြစ်ထွန်းပါတယ်။ ဧပြီ ၃၀ ရက်နေ့ မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်ကတော့ မြန်မာ့ကမ်းရို တန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ လှိုင်းအမြင့် ၂ ပေလောက်ရှိနိုင်ပြီး။ ကျန် ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ ပေလောက် ရှိနိုင်ပါတယ်။ weather 30042014အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေ လွန်ကဲအဆင့်ကနေ ကျဆင်းခြင်း မရှိနိုင်သေးပါဘူး။ ဒါပေမယ့် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၁၄ ဒဿမ ၁ အထိ ရှိနိုင်တဲ့မြို့ကတော့ တောင်ကြီးမြို့ဖြစ်ပြီး ကျန်ဒေသတွေမှာတော့ ၁၃ ကျော်အထိ မြင့်တက်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အနိမ့်ဆုံးတန်ဖိုး ၁၂ ဒဿမ ၃ ကျရောက်နိုင်တာကတော့ မြစ်ကြီးနားမြို့ ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ လွန်ကဲအဆင့်ကို ရောက်နိုင်တဲ့အတွက် မနက် ၁၁ နာရီကနေ နေ့လယ် ၂ နာရီအတွင်း နေပူထဲကို တတ်နိုင်သလောက် မသွားကြဖို့နဲ့ မဖြစ်မနေ သွားရပြီဆိုရင်လည်း ထီး၊ ဦးထုပ်၊ အင်္ကျီလက်ရှည်တွေ ၀တ်ဆင်ပြီးမှ သွားလာကြဖို့ကို တိုက်တွန်းလိုက်ရပါတယ်။ နေ့အပူချိန် ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၃၁ ဒီဂရီစင်တီဂရိတ် ကနေ ၃၆ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၇ ဒီဂရီစင်တီဂရိတ် ကနေ ၄၂ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းတောင်ပိုင်းတို့မှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက် သေချာမှုရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်း ထားပါတယ်။ မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေး တိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်မြောက်ပိုင်းနဲ့ ပဲခူးတိုင်းမြောက်ပိုင်းတို့မှာ နေရာကွက်ကြား မိုးရွာနိုင်ပြီး သေချာမှု ၆၀ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။ မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်း တို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးအနည်းငယ်ထစ်ချုန်း ရွာနိုင်ပါတယ်။ ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။ မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024