ဗင်နီဇွဲလား ထောက်လှမ်းရေးအကြီးအကဲဟောင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံး

ထောက်လှမ်းရေးအကြီးအကဲဟောင်း အေလီရေဇာ အိုတေးဇာ (ဓာတ်ပုံ - ရိုက်တာ)
553
ကွယ်လွန်သူ လက်ဝဲ၀ါဒီ ဗင်နီဇွဲလားနိုင်ငံ သမ္မတဟောင်း ဟူဂိုချာဗက်လက်ထက်က နိုင်ငံတော် လုံခြုံရေးနဲ့ ရဲထောက်လှမ်းရေးအကြီးအကဲဟောင်းဟာ ၁ ပတ်ကြာလောက် ပျောက်ဆုံးနေခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့က သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။
[caption id="attachment_55671" align="alignleft" width="300"]
ထောက်လှမ်းရေးအကြီးအကဲဟောင်း အေလီရေဇာ အိုတေးဇာ (ဓာတ်ပုံ - ရိုက်တာ)[/caption]ထောက်လှမ်းရေးအကြီးအကဲဟောင်း အေလီရေဇာ အိုတေးဇာဟာ သေနတ်ဒဏ်ရာ ၄ ချက်နဲ့ သူ့ကားထဲမှာ သေဆုံးနေတာကို တွေ့ရှိခဲ့တာလို့ ဗင်နီဇွဲလားပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
ယခင် စစ်မှုထမ်းတဦးလည်းဖြစ်တဲ့ အိုတေးဇာဟာ မအောင်မြင်ခဲ့တဲ့ ၁၉၉၂ အာဏာသိမ်းပွဲမှာ သမ္မတ ဟူဂိုချာဗက်နဲ့ အတူ ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။
အိုတေးဇာဟာ လက်ရှိ ကာရာကတ်မြို့တော်စည်ပင်သာယာရေးကောင်စီမှာ ဥက္ကဋ္ဌရာထူးကို ရယူထားပြီး ဧပြီ ၂၅ ရက်နေ့ကတည်းက ပျောက်ဆုံးခဲ့တာလို့ ဆိုပါတယ်။
သမ္မတမာဒူရိုက အိုတေးဇာ သေဆုံးမှုအတွက် ၀မ်းနည်းကြောင်းကို ဧပြီ ၂၈ ရက်နေ့က လူထုတွေ့ဆုံပွဲတခုမှာ ပြောဆိုခဲ့ပြီး အမှုကို စုံစမ်းအရေးယူမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ လူ ၄၁ ဦး သေဆုံးခဲ့တဲ့ နိုင်ငံရေးပဋိပက္ခတွေနဲ့ နိုင်ငံရေးတင်းမာမှုတွေ ဖြစ်ပွားနေချိန်မှာ အခုလို ထောက်လှမ်းရေးအကြီးအကဲဟောင်း အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ရာဇ၀တ်မှု ထူပြောမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အခြေခံကုန်ပစ္စည်းတွေ ပြတ်လပ်မှုတွေကြောင့် ဗင်နီးဇွဲလားပြည်သူတွေဟာ အစိုးရကို ဒေါသထွက်နေကြပြီး သမ္မတမာဒူရိုကို နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။