စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းမှာရှိတဲ့ ထန်းပု၊ မယ်ဇလီကန်၊ အုပ်ရှစ်ပြားရွာတို့ကို စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး အုပ်ရှစ်ပြားရွာမှာ မီးရှို့လို့ နေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
အဲဒီနောက် နေ့လယ်ပိုင်းမှာ စစ်ကြောင်းဟာ သဲကောကြီးရွာကိုရောက်ပြီး မီးရှို့လို့ လူနေအိမ် ၅ လုံး လောင်ကျွမ်းပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဝဲကြီး၊ ရွှေလှေ၊ ပလောင်ကူးတို့ကုန်း စတဲ့ရွာတွေကို ဆက်လက်ဝင်ရောက်ပြီး စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းမှာ မုံရွာကို ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။