Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်က လူငယ်တယောက်ကို PDF ဟု စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီး
DVB
·
September 27, 2022

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က လူငယ်တယောက်အား PDF ဆိုပြီး စွပ်စွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့နယ် ဒဲ့ပြားကျေးရွာက ကိုနေမျိုးလင်းကို စက်တင်ဘာ ၂၆ ရက် ညနေ ၃ နာရီကျော်လောက်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားကြတာလို့ ဒဲ့ပြာ‌ေကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီစစ်(...)တွေက ကိုနေမျိုးလင်းကို မြစ်ခြေရဲစခန်းကနေတဆင့် ပခုက္ကူ မြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်းသွားကြတယ်။ သေချာတာကတော့ သူ့ကို စစ်ကြောရေးမှာ မတရား နှိပ်စက်ကြတော့မှာပါ။ မိသားစုဝင်တွေလည်း စိုးရိမ်နေကြပေမယ့် ရဲစခန်းကိုတော့ လိုက်မသွားရဲသေးဘူး။ သူတို့ကတော့ ပြည်သူတွေကို ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး ဖမ်းနေကြတာ။ ကျနော်တို့ ပြည်သူတွေက အားမတန်လို့ မာန်လျှော့နေကြရတာ။ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ရရာနည်းနဲ့ တော်လှန်နေကြရမှာပဲ။” 

စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ကူပေးတဲ့ ပရဟိတအဖွဲ့တွေနဲ့ NLD ပါတီ ထောက်ခံဝန်းရံသူတွေကို စစ်ကောင်စီက PDF တပ်ဖွဲ့ဝင်၊ PDF ထောက်ပံ့သူ၊ မမှန်သတင်းဖြန့်ဝေသူ ဆိုပြီး အကြောင်းအမျိုးမျို ပြကာ နေ့စဥ် ဖမ်းဆီးနေကြတာလို့ ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့အထိ နိုင်ငံတဝန်း  မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂,၅၀၀ ယောက်ရှိပြီး အဲဒီထဲက ၁၄၉၁ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024