ရှိတ်စပီးယား အသက် ၄၅၀ ပြည့် အခမ်းအနား လူထောင်ပေါင်းများစွာ ဆင်နွှဲ

အင်္ဂလိပ်လူမျိုး ကမ္ဘာ့ကျော် ပြဇာတ်ရေးဆရာကြီး ၀ီလီယံ ရှိတ်စပီးယားရဲ့ အသက် ၄၅၀ ပြည့်တဲ့ အခမ်းအနားကို အင်္ဂလန် အနောက်ပိုင်းက မွေးရပ်မြေမှာ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က ကျင်းပပြီး  လူထောင်ပေါင်းများစွာ ပါဝင်ဆင်နွှဲကြပါတယ်။

Shakespeare'sရှိတ်စပီးယား မွေးရပ်မြေ ရန်ပုံငွေအဖွဲ့ရဲ့ အဆိုအရ လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်က တည်းက နှစ်စဉ် မွေးနေ့ ရက် ရောက်တိုင်း စာပေနယ်၊ အနုပညာနယ်နဲ့ သံတမန်နယ်ပယ် စသဖြင့် နယ်ပယ်စုံက လူထောင်ပေါင်းများစွာ ဟာ မွေးနေ့အခမ်းအနားမှာ တက်ရောက်ဖို့ ဒီမြို့လေးဆီ ရောက်လာတယ်လို့ ဆိုပါတယ်။

ရှိတ်စပီးယားဟာ အင်္ဂလန် အနောက်ပိုင်း ၀ါဝစ်ရှီးယား စီရင်စုထဲက စတန်းဖို့သ် အပ်ပွန်း အေဗွန် (Stratford-Upon-Avon) မြို့ငယ်လေးမှာ ဧပြီ ၂၆ ရက်နေ့မှာ ခရစ်ယာန်ဘာသာ ထုံးတမ်းအရ နှစ်ခြင်းခံခဲ့တယ်လို့ အမှတ်အသား ရှိပြီး သူရဲ့ မွေးရက်အတိအကျကိုတော့ မသိရပါဘူး။

ရှိတ်စပီးယား ရေးသားခဲ့တဲ့ ပြဇာတ်တွေထဲမှာ ဟမ်းလတ် (Hamlet)၊ မစ်ဘာ့သ် (Macbeth) ရိုမီယိုနဲ့ ဂျူးလီယက် (Romeo & Juliet) ပြဇာတ်တွေဟာ ကမ္ဘာကျော်ပါတယ်။

လာမယ့် ၂၀၁၆ ခုနှစ်ကျရင်လည်း ၀ီလီယံ ရှိတ်စပီးယား ကွယ်လွန်ခြင်း နှစ် ၄၀၀ ပြည့်တဲ့အတွက် သူ့ရဲ့ ဇာတိမြို့လေးမှာ စည်ကားသိုက်မြိုက်စွာ အခမ်းအနား ကျင်းပဖို့ ရှိပါတယ်။

//
More News
Up