Home
သတင်းတို
ပြည်မြို့တွင် ခွင့်ပြုချက်မရှိ ဆန္ဒပြမှုဖြင့် သတင်းထောက်တဦး တရားစွဲခံရ
DVB
·
April 28, 2014

ပဲခူးတိုင်း ပြည်မြို့မှာ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့တဲ့ သတင်းထောက် ဦးရေခဲကို  ပြည်မြို့မ ရဲစခန်းက ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပါတယ်။

[caption id="attachment_55599" align="alignleft" width="300"]ဧပြီ ၂၅ ရက်နေ့ ဆန္ဒပြပွဲအတွင်း သတင်းထောက် ဦးရေခဲနှင့် ရဲအရာရှိ ဆွေးနွေးနေစဉ် ဧပြီ ၂၅ ရက်နေ့ ဆန္ဒပြပွဲအတွင်း သတင်းထောက် ဦးရေခဲ (မျက်မှန်) နှင့် ရဲအရာရှိ ဆွေးနွေးနေစဉ်[/caption]

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့က သတင်းထောက် ၂၀ လောက်နဲ့ ဒေသခံ စုပေါင်း ၁၀၀ လောက်က ဖမ်းဆီးတရားစွဲဆို ထောင် ဒဏ် ကျနေတဲ့ သတင်းထောက် တွေ ပြန် လွှတ်ပေးရေး၊ မီဒီယာလွတ်လပ် ခွင့်ရရှိရေးနဲ့ ပြည်သူပိုင် အဆောက်အဦနဲ့ ရုံးတွေမှာ လွတ်လပ်စွာ သတင်းရယူခွင့် ရရှိရေး တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြခွင့်ရဖို့ သတင်းထောက်တွေက ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့်  ခွင့်မပြုခဲ့တဲ့အတွက် အစီအစဉ်အတိုင်း ဆန္ဒပြခဲ့တာကြောင့် ဆန္ဒပြခေါင်းဆောင် ဦးရေခဲကို မြို့မစခန်းမှူး ဦးမျိုးမြင့်က တရားလို ပြုလုပ်ပြီး တရားစွဲဆိုတာလို့ ဆိုပါတယ်။

အခု ဧပြီ ၂၆ ရက်နေ့က တရားစွဲဆိုပြီး မဇ္ဈိမ ဂျာနယ်သတင်းထောက် ဦးရေခဲ ကိုယ်တိုင် လျှောက်လဲပြီး အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024