အာဖဂန်စ္စတန်သမ္မတ ရွေးကောက်ပွဲ ဇွန်လတွင် ကျင်းပမည်

အာဖဂန်စ္စတန် နိုင်ငံမှာ ဒုတိယအကျော့ ရွေးကောက်ပွဲကို ဇွန်လ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဧပြီလ ၂၆ ရက်နေ့က ကြေညာစဉ်
အာဖဂန်စ္စတန် နိုင်ငံမှာ ဒုတိယအကျော့ ရွေးကောက်ပွဲကို ဇွန်လ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဧပြီလ ၂၆ ရက်နေ့မှာ ကြေညာပါတယ်။ ဧပြီလ ၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပထမအကျော့ ရွေးကောက်ပွဲမှာ အများဆုံး အနိုင်ရခဲ့တဲ့ သမ္မတလောင်း နှစ်ယောက်က ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ [caption id="attachment_55558" align="alignright" width="300"]အာဖဂန်စ္စတန် နိုင်ငံမှာ ဒုတိယအကျော့ ရွေးကောက်ပွဲကို ဇွန်လ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဧပြီလ ၂၆ ရက်နေ့က ကြေညာစဉ် အာဖဂန်စ္စတန် ဒုတိယအကျော့ ရွေးကောက်ပွဲကို ဇွန်လ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဧပြီလ ၂၆ ရက်နေ့က ကြေညာစဉ်[/caption] နိုင်ငံခြားရေး ၀န်ကြီးဟောင်း အပ်ဗဒူလာ အပ်ဗဒူလာက ၄၄ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့ဘဏ်စီးပွားရေးပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အာဆက်ဖ် ဂန္ဒီက ၃၁ ဒသမ ၅ ရာခိုင်နှုန်း အနိုင်ရခဲ့ပြီး ၅၀ ရာခိုင်နှုန်းကျော် အနိုင်ရတဲ့ အမတ်လောင်း မရှိတဲ့အတွက် ဒုတိယအကျော့ ကျင်းပရတာ ဖြစ်ပါတယ်။ သမ္မတလောင်း နှစ်ယောက်ကြားမှာ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ ဆွေးနွေးမှုတွေ အဆင်ပြေရင် ဒုတိယအကျော့ ရွေးကောက်ပွဲကို ကျင်းပစရာမလိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သမ္မတလောင်း နှစ်ယောက်စလုံးဟာ အာဏာခွဲဝေရေးအတွက် ညှိနှိုင်းမယ့် အစီအစဉ်ကို ပယ်ချထားပါတယ်။ ပထမအကျော ရွေးကောက်ပဲမှာ မဲပေးခွင့်ရှိသူ ၁၃ ဒသမ ၅ သန်းထဲက ၇ သန်းနီးပါး မဲပေးခဲ့ကြပါတယ်။ မဲပေးသူ အားလုံးရဲ့ ၃၆ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ပါတယ်။ လောလောဆယ်မှာ မဲမသမာမှု တိုင်တန်းချက်တွေကို ကော်မရှင်က စုံစမ်းနေဆဲမို့ တရားဝင် ရွေးကောက်ပွဲရလဒ်တွေကို မေလ ၁၄ ရက်နေ့မှာ ကြေညာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up