Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင် မြန်မာ ၃၄ ဦး ဖမ်းဆီးခံရ
DVB
·
September 21, 2022

ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ စက်တင်ဘာ ၂၀ ရက် ညက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၄ ယောက် ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီ ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲ တရားမဝင်သူတွေ ဝင်ရောက်လာဖို့ရှိကြောင်း မနေ့ စက်တင်ဘာ ၂၀ ရက် ညနေ ၆ နာရီက ကြိုတင်သတင်းရထားတဲ့အတွက် အုပ်ချုပ်ရေးရုံး၊ နယ်ခြားစောင့်တပ်၊ ရဲတပ်ဖွဲ့၊ ကျေးရွာလုံခြုံရေးနဲ့ ကျန်းမာရေးဌာနက ပူးပေါင်းအဖွဲ့ဝင်တွေဟာ နယ်စပ်လမ်းကြောင်း တလျှောက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း၊ ည ၉ နာရီလောက်မှာတော့ ကန်ကျနပူရီမြို့နယ် ဘန့်ကောင်အုပ်စု ဖူးနမ့်ရွန့်ကျေးရွာအနီး တောလမ်းမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၉ ယောက်၊ အမျိုးသမီး ၁၅ ယောက်၊ ပေါင်း ၃၄ ယောက်ကို ဖမ်းဆီးရမိတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မေးမြန်းချက်အရ သူတို့တွေဟာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင် စတဲ့ဒေသတွေကနေ ရောက်လာပြီး ထိုင်းနိုင်ငံ စမွတ်စခွန်း၊ လယောင်း၊ ကန်ကျနပူရီနဲ့ ဘန်ကောက်မြို့တွေမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို ၁ ‌ေယာက် ဘတ် ၁၅,၀၀၀ မှ ၃၀,၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ်-၁၉ ကာကွယ်ရေး အပူချိန်တိုင်းတာပြီး လဝကဥပဒေနဲ့ ဆက်လက်အရေးယူဖို့ ကန်ကျနပူရီနယ်မြေရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

 Source -

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024