ပါလက်စတိုင်းနှင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစ္စရေး ရပ်ဆိုင်း

အစ္စရေးဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရ မတ်ရီကပ်ဖ်
ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်က ပြိုင်ဘက်ဟားမတ်စ်အဖွဲ့နဲ့ မမျှော်လင့်ဘဲ ပေါင်းစည်းရေး သဘောတူညီမှု ရယူခဲ့တာကြောင့် ပါလက်စတိုင်းတွေနဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အစ္စရေးနိုင်ငံက ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့က ရပ်ဆိုင်းလိုက်ပါတယ်။

ဦးတည်ချက်မဲ့နေတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဧပြီ ၂၉ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် အမေရိကန်နိုင်ငံကတော့ ဆွေးနွေးပွဲ ဆက်လုပ်ဖို့ကို တိုက်တွန်းနေပါတယ်။

[caption id="attachment_55469" align="alignright" width="300"]အစ္စရေးဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရ မတ်ရီကပ်ဖ် အစ္စရေးဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရ မတ်ရီကပ်ဖ်[/caption]

အစ္စရေးဝန်ကြီးချုပ် နေ တန်ယာဟုရဲ့ ပြောခွင့်ရ မတ်ရီကပ်ဖ်က “အစ္စရေးနိုင်ငံ ပျက်သုဉ်းရေးကို ပဲ တောင်းဆိုနေတဲ့ အစွန်းရောက်အဖွဲ့နဲ့ ပူးပေါင်းနေသမျှ ကာလပတ်လုံး ငြိမ်းချမ်ရေးဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ပါလက်စတိုင်းအစိုးရနဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်တယ်” လို့ ပြောဆိုပါတယ်။

အစ္စရေးလုံခြုံရေး ကတ်ဘီနက်အဖွဲ့ရဲ့ ၆ နာရီကြာ အစည်းအဝေးအပြီး အခုလို ထုတ်ဖော် ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဟားမတ်စ်အဖွဲ့ ၀န်ကြီးချုပ် အစ္စမေလ်း ဟာနီရာကတော့ အစ္စရေးက အခုလိုဆုံးဖြတ်မှာကို မျှော်လင့်ပြီးသားလို့ ပြောဆိုခဲ့ပါတယ်။

ဒါအပြင် ပါလက်စတိုင်းပြည်သူတွေ သွေးစည်းတာကို အစ္စရေးနိုင်ငံဟာ ဘယ်တော့မှာ မလိုလားဘဲ နိုင်ငံရေးနဲ့ လူမှုရေးသွေးကွဲတာကိုပဲ လိုချင်နေတယ်လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။

ပါလက်စတိုင်းနိုင်ငံရေးခေါင်ဆောင်တဦးဖြစ်တဲ့ မွတ်တဖာလ် အယ်ဘာဟုကတော့ အခုလို ပေါင်းစည်းတာဟာ ငြိမ်းချမ်းရေးအတွက် မှန်ကန်တဲ့လုပ်ရပ်လို့ ပြောဆိုပြီး ငြိမ်းချမ်းရေးကို တကယ်တည်ဆောက်ချင်တယ်ဆိုရင် အစ္စရေးအနေနဲ့ ဒီပေါင်းစည်းမှုကို အခွင့်အရေးတရပ်အဖြစ် သဘောထားသင့်တယ်လို့ ပြောဆိုပါတယ်။

ပေါင်းစည်းရေး သဘောတူညီမှုရပြီး ၅ ပတ်အတွင်း ညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းမှာ ဖြစ်ပြီး ၆ လအကြာမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ဆိုပါတယ်။

အမေရိကန်က ကမကထလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အစ္စရေးနဲ့ ပါလက်စတိုင်း အတူတကွ ယှဉ်တွဲနေထိုင်ရေးကို ဦးတည်ကြိုးစားတာ ဖြစ်ပေမယ့် နှစ်ဖက်စလုံးက လက်သင့်မခံကြတာကြောင့် ရည်မှန်းချက်မပေါက်ပဲ ဖြစ်နေခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up